အကြမ်းဖက်သမားများက ဒေသတွင်းမတည်မငြိမ်ဖြစ်စေရန်နှင့် တပ်မတော်အပေါ် အထင်အမြင်လွဲမှားလာစေရန် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

     လူမှုကွန်ရက်စာမျက်နှာများတွင် ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်မှုအားပေးသည့် မီဒီယာအချို့တို့မှ မဟုတ်မမှန် လုပ်ကြံသတင်းများအား နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများအပေါ် ဒေသခံပြည်သူများ အထင်အမြင် လွဲမှားစေရန်၊ ဒေသအတွင်းမတည်မငြိမ်ဖြစ်စေရန်နှင့် ပြည်သူများအကြား ကြောက်ရွံ့ထိတ်လန့်စေရန် ရည်ရွယ်၍ အဆက်မပြတ် ရေးသားဖြန့်ဝေလျက်ရှိပါသည်-

  • ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့အနီး၊ တုံချိန်အရပ်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်သည် စစ်ဘေးရှောင်ကားတစ်စီးကို ထိမှန်ခဲ့သည့်သတင်းသည် သတင်းအမှားသာဖြစ်ပြီး သတင်းအမှန်မှာ အကြမ်းဖက်သမားများဘက်မှ ပစ်ခတ်ခဲ့ခြင်းသာဖြစ်။
  • ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ “ရန်ကုန်မြို့တွင် ပေါ်တာဆွဲသည့်သတင်းကြောင့် ညဘက်သွားလာသူနည်းလာ” ဟူသည့်သတင်းသည် ကောလာဟလမဟုတ်မမှန်သတင်းဖြစ်ပြီး ရန်ကုန်မြို့နေ ပြည်သူလူထုအနေ ဖြင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ရှိ။
  • ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦးနှင့် စစ်တွေစသည့် မြို့နယ် ၁၀ မြို့နယ်၌ စာသင်ကျောင်းပေါင်း ၁,၂၀၀ ခန့် ပိတ်ထားရသည့်သတင်းသည် မဟုတ်မမှန် သည့်သတင်းဖြစ်ပြီး လက်ရှိတွင် ကျောင်းများအား ပုံမှန်အတိုင်း ဖွင့်လှစ်လျက်ရှိကြောင်း သိရှိရ။
  • မော်လမြိုင်တက္ကသိုလ်ရှိ ဝန်ထမ်းများ ကျောင်းပြင်ပပြောင်းရွှေ့နေထိုင်ခွင့်များ ပိတ်ပင်ခဲ့သည့်သတင်းနှင့်ပတ်သက်၍ မော်လမြိုင်တက္ကသိုလ်ပါမောက္ခချုပ်၏ပြောကြားချက်အရ လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေထားမှုများသည် လုပ်ကြံသတင်းအတုများ သာဖြစ်ကြောင်း။
  • ဇလွန်မြို့တွင် နယ်လှည့်ဆေးကုသရေးလာရောက်သည့်စစ်သင်္ဘောမှ ဇလွန်မြို့ရှိ လူငယ်များအား တပ်သားစုဆောင်းမှုများ ပြုလုပ်နေသည့်သတင်းသည် တပ်မတော်အပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် မဟုတ်မမှန်ရေးသားဖြန့်ဝေသည့် သတင်းအမှားသာဖြစ်ပြီး သတင်းအမှန်မှာ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန နယ်လှည့်အထူးကုဆေးအဖွဲ့တို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူးကုဆေးအဖွဲ့သည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်နှင့် ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းသာဖြစ်။
  • ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ရှိ သန်လျင်ရေတပ်မှ တပ်ဖွဲ့ဝင်များက လက်နက်များယူဆောင်၍ ထွက်ပြေးသွားသည့်သတင်းသည် ကောလာဟလသတင်းသာဖြစ်ပြီး တပ်တွင်းအခိုင်အမာသတင်းများအရ တပ်ဖွဲ့ဝင်များ တပ်မှ ထွက်ပြေးခြင်းမရှိကြောင်း သိရှိရ။
  • ပဲခူးတိုင်းဒေသကြီး၊ အရှေ့ခြမ်းရွာအချို့တွင် ပြည်သူ့စစ်အတွက် တစ်အိမ်ထောင် လျှင် ၂,၀၀၀ ကျပ်ကောက်နေသည့်သတင်းသည် လုပ်ကြံသတင်းသာဖြစ်ပြီး  အဆိုပါသတင်းအား ရိုးသားသည့်ဒေသခံပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ပြီး သတင်းတုများ ထုတ်လွှင့်နေခြင်းသာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး၊ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရ။

အဆိုပါ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေသော လုပ်ကြံဖန်တီးရေးသားထားသည့် သတင်းတု၊ သတင်းအမှားများသည် ပြည်သူများ စိုးရိမ်ထိတ်လန့်ပူပန်မှုများဖြစ်ပေါ်စေရန်နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေး တာဝန်ထမ်းဆောင်နေသူများအပေါ် ကြောက်ရွံ့မုန်းတီးစေရန် ရေးသားထားခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၁၁-၂၀၂၃)

 

  • မဟုတ်မမှန် လုပ်ကြံသတင်းရေးသားဖြန့်ဝေမှုများသည် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများအပေါ် ဒေသခံပြည်သူများ အထင်အမြင်လွဲမှားစေရန်၊ ဒေသအတွင်းမတည်မငြိမ်ဖြစ်စေရန်နှင့် ပြည်သူများအကြား ကြောက်ရွံ့ထိတ်လန့်စေရန် ရည်ရွယ်၍ ရေးသားထုတ်လွှင့်နေခြင်းသာဖြစ်။
  • ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ကျည်သည်စစ်ဘေးရှောင်ကားတစ်စီးကို ထိမှန်ခဲ့ဟုဆိုသည့်သတင်းမှာ သတင်းမှားသာဖြစ်ပြီး အဆိုပါကျည်မှာ လက်နက်ကိုင်သောင်းကျန်းသူများက ပစ်ခတ်လိုက်သည့် လက်နက် ကြီးကျည်သည်သာဖြစ်။
  • ရန်ကုန်မြို့တွင် ပေါ်တာဆွဲသည့်သတင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)ရှိ စာသင်ကျောင်းများ ပိတ်ထားသည့်သတင်းနှင့် မော်လမြိုင်တက္ကသိုလ် ကျောင်းပြင်ပပြောင်းရွှေ့နေထိုင်ခွင့်များ ပိတ်ပင်ခဲ့သည့်သတင်းများသည် မဟုတ်မမှန်သည့် ကောလာဟလ သတင်းများသာဖြစ်။
  • ဇလွန်မြို့တွင် လူငယ်များအား တပ်သားစုဆောင်းမှုများပြုလုပ်နေသည့်သတင်းသည် သတင်းအမှားသာဖြစ်ပြီး သတင်းအမှန်မှာ နယ်လှည့်အထူးကုဆေးအဖွဲ့များမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းသာဖြစ်။
  • သန်လျင်ရေတပ်မှ တပ်ဖွဲ့ဝင်များက လက်နက်များယူဆောင်၍ ထွက်ပြေးသွားသည့်သတင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ အရှေ့ခြမ်းရွာအချို့တွင် ပြည်သူ့စစ်အတွက် ထောက်ပံ့ကြေးကောက်နေသည့်သတင်းများသည် လုပ်ကြံကောလာဟလသတင်းများ သာဖြစ်။

 

Add new comment