နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် ကျရောက်သည့် ၂၀၂၃ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားသို့ Video Message ဖြင့် အဖွင့်မိန့်ခွန်းပေးပို့ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ပေးပို့ခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်မှာ-
- မြန်မာအမျိုးသမီးများသည် ရှေးအစဉ်အလာကတည်းက အမျိုးသားများနည်းတူ သာတူညီမျှလူ့အခွင့်အရေးများကို ယနေ့အထိ နိုင်ငံတကာစံချိန် စံညွှန်းများနှင့်ကိုက်ညီစွာ ခံစားနေကြရသည်မှာ အားလုံးသိရှိပြီးဖြစ်ကြောင်း။
- ခေတ်အဆက်ဆက်၌ မိသားစု၊ လူ့အဖွဲ့အစည်း၊ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်အသီးသီးတွင် မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ ရင်ဘောင်တန်းပြီး လွတ်လပ် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း။
- ခေတ်အဆက်ဆက်၌ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များဖြစ်သော စစ်မှုထမ်း၊ ရဲမှုထမ်းများအဖြစ် အမျိုးသားများနှင့်တန်းတူ ရင်ဘောင်တန်းပြီး ထူးချွန်ထက်မြက်စွာ နိုင်ငံ့အကျိုးကို သယ်ပိုးလျက်ရှိသည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း။
- နိုင်ငံတကာနှင့် အာဆီယံဒေသအဆင့်များတွင် မြန်မာနိုင်ငံ၏အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကတိကဝတ်ပြုမှုများကို အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ဒေသဆိုင်ရာကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း။
- မြန်မာနိုင်ငံ၏လူဦးရေထက်ဝက်ကျော်ကို ကိုယ်စားပြုသော အမျိုးသမီးများသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတွင် အရေးပါသော အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန် သော လူသားအရင်းအမြစ်များဖြစ်ကြောင်း။
- မြန်မာအမျိုးသမီးများသည် လောကကို တစ်ဖက်တစ်လမ်းက တာဝန်ယူသူများ၊ လူငယ်လူရွယ်များ၏ အနာဂတ်ကို လှပအောင် ဖန်တီးသူ ဥယျာဉ်မှူးများဖြစ်ပြီး တစ်နည်းအားဖြင့် အနာဂတ်နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ် များကို ပုံသွင်းထုဆစ်ပေးကြတဲ့ ဗိသုကာပညာရှင်များဖြစ်ကြောင်း။
ထို့ကြောင့် မိသားစု၊ လူ့အဖွဲ့အစည်းများမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာ၌ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ပေးရေးကို မြှင့်တင်လုပ်ဆောင်ကြရန် မှာကြားခဲ့ကြောင်း သိရှိရ ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၇-၂၀၂၃)
- မြန်မာအမျိုးသမီးများသည် ရှေးအစဉ်အလာကတည်းက အမျိုးသားများနည်းတူ သာတူညီမျှလူ့အခွင့်အရေးများကို ယနေ့အထိ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ ခံစားနေကြရသည်မှာ အားလုံးသိရှိပြီးဖြစ်။
- ခေတ်အဆက်ဆက်၌ မိသားစု၊ လူ့အဖွဲ့အစည်း၊ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်အသီးသီးတွင် မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ ရင်ဘောင်တန်းပြီး လွတ်လပ် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိ။
- မြန်မာအမျိုးသမီးများသည် လောကကို တစ်ဖက်တစ်လမ်းက တာဝန်ယူသူများ၊ လူငယ်လူရွယ်များ၏ အနာဂတ်ကို လှပအောင် ဖန်တီးသူ ဥယျာဉ်မှူးများဖြစ်ပြီး တစ်နည်းအားဖြင့် အနာဂတ်နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ် များကို ပုံသွင်းထုဆစ်ပေးကြတဲ့ ဗိသုကာပညာရှင်များဖြစ်။
Add new comment