နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E.Dr.Nikolay LISTOPADOV အား ဇွန်လ ၃၀ ရက် တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
-
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားသံအမတ်ကြီးတို့သည် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ အနာဂတ်တွင် ဆက်လက်ဖြစ်ထွန်းစေရေးကိစ္စများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ရုရှားသံအမတ်ကြီးအနေဖြင့် မြန်မာ-ရုရှားနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရေးအတွက် ထူးချွန်ပြောင်မြောက်စွာ ပံ့ပိုးဆောင်ရွက်ခဲ့မှု အပေါ် ချီးကျူးဂုဏ်ပြုခဲ့။
-
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ခိုင်မြဲရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နျူကလီးယားနည်းပညာအား ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် တိုးမြှင့်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တက္ကသိုလ်များပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-ရုရှား သိပ္ပံနှင့်နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး။
တွေ့ဆုံပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၇၂၀၂၃)
-
ပြည်ထောင်စုဝန်ကြီးများ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နျူကလီးယားနည်းပညာအား ငြိမ်းချမ်းသော ရည်ရွယ် ချက်ဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးမြှင့်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တက္ကသိုလ်များပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-ရုရှား သိပ္ပံနှင့်နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့။
Add new comment