ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီနှင့် ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီတို့၏ လုပ်ငန်းဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေး

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်(Inn National League Party) ပါတီနှင့် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(Denu National Democracy Party) တို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ဇွန်လ ၃၀ ရက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ပါသည်။ အစည်းအဝေးတွင် တွေ့ဆုံစဉ်-

  • မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်။
  • ဥပဒေအရသတ်မှတ်ထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပြုမိန့်ကျပြီးနောက် ရက်ပေါင်း (၉၀) အတွင်း စုစည်းရမည့် ပါတီဝင်အင်အားပြည့်မီအောင် စုဆောင်းရန်။
  • မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများကို မြို့နယ်ရုံးများ ဖွင့်လှစ်ပြီးပါက မြို့ နယ်ပါတီရုံးဖွဲ့စည်းမှုများကို စနစ်တကျဖွဲ့စည်းပုံနှင့် တာဝန်ပေးထားရန်။
  • နိုင်ငံရေးပါတီများရှိ ပါတီဝင်များတွင် ယခင်သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်များကို နိုင်ငံသားစိစစ်ရေးကတ်ပြားများဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတွင် သွားရောက်လဲလှယ်နိုင်ရေးဆောင်ရွက်သွားရန်။
  • မြို့နယ်ပါတီရုံးများ ဖွင့်လှစ်ပြီးပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စာရင်းစစ်ဌာနတို့မှ ပူးပေါင်းပြီး စစ်ဆေးရန်ရှိသဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားရာ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီဌာနချုပ်သည် တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်းအမှတ် (၁၈) တွင်တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၁၅/၂၀၂၃) ဖြင့်လည်းကောင်း၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ညောင်ရွှေမြို့၊ ကံသာရပ်တိတ်နန်းတံတားအနီး ရုံးကြီးလမ်းတွင် တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၂၀/၂၀၂၃) ဖြင့်လည်းကောင်း၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီဌာနချုပ်ကို ကလောမြို့၊ (၁၀) ရပ်ကွက်၊ ချယ်ရီလမ်းအမှတ် (၁၀/၆၄) တွင် ဖွင့်လှစ်ထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ်(၂၆/၂၀၂၃) ဖြင့်လည်းကောင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ(၉)နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၇-၂၀၂၃)

 

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီနှင့် ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီတို့မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ တွေ့ဆုံခဲ့။
  • မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်။
  • နိုင်ငံရေးပါတီများရှိ ပါတီဝင်များတွင် ယခင်သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်များကို နိုင်ငံသားစိစစ်ရေးကတ်ပြားများဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနတွင် သွားရောက်လဲလှယ်နိုင်ရေးဆောင်ရွက်သွားရန်။
  • မြို့နယ်ပါတီရုံးများ ဖွင့်လှစ်ပြီးပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စာရင်းစစ်ဌာနတို့မှ ပူးပေါင်းပြီး စစ်ဆေးရန်ရှိ။

Add new comment