ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း "ROSATOM" နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော သိပ္ပံပွဲတော် ၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၈ ရက်တွင် ရန်ကုန် နည်းပညာ တက္ကသိုလ်၌ ကျင်းပခဲ့ပါသည်။
-
သိပ္ပံပွဲတော်ကို ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာတို့တွင် ဇွန်လ ၂၈ ရက်မှ ၃၀ ရက်အထိ သုံးရက် ကျင်းပခဲ့ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် နျူကလီးယား နည်းပညာနှင့် သိပ္ပံပညာဆိုင်ရာ ဉာဏ်စမ်းဂိမ်းယှဉ်ပြိုင်မှုများ ကျင်းပပေးပြီး ဆုများလည်း ချီးမြှင့်ပေးခဲ့။
-
ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူ လူငယ်ပညာရှင်များပါဝင်သည့် အဖွဲ့လိုက်ပြိုင်ပွဲ၊ အဖွဲ့လိုက်သရုပ်ပြပြိုင်ပွဲများ၊ ရန်ကုန်နည်းပညာတက္ကသိုလ်အတွင်း လေ့လာရေးအစီအစဉ်များ၊ အင်ဂျင်နီယာကျောင်းသား၊ ကျောင်းသူများက နျူကလီးယား စွမ်းအင်နှင့် ဆက်စပ်သိပ္ပံခေါင်းစဉ်များအလိုက်ဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကျွမ်းကျင်သူများက ပြန်လှန်မေးမြန်း ဆွေးနွေးခြင်းများ၊ မီဒီယာများအတွက် နျူကလီးယားဆိုင်ရာအသိပညာများ မျှဝေခြင်းအစီအစဉ်များပါဝင်။
-
သိပ္ပံပွဲတော်ကျင်းပစဉ်အတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ "ROSATOM" ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Nikolay Spasskiy တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်၍ နိုင်ငံတော် အတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြုနိုင်ရေးနှင့် နျူကလီးယားနည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမအကြိမ် မြန်မာ-ရုရှားပူးတွဲညှိနှိုင်းကော်မတီဆွေးနွေးပွဲကိုကျင်းပရာ ဆက်စပ် ဝန်ကြီးဌာနများမှ ကော်မတီအဖွဲ့ဝင်များ စုံလင်စွာတက်ရောက် ဆွေးနွေးခဲ့။
-
သိပ္ပံပွဲတော် ၂၀၂၃ ဒုတိယနေ့တွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တက်ရောက်လာသူများအား HackAtom ပြိုင်ပွဲဝင်အသင်း ၁၁ သင်းတို့မှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက နျူကလီးယားနည်းပညာဖြင့် လျှပ်စစ်စွမ်းအားထုတ်လုပ်မှု၊ Nuclear Medicine ကို ငြိမ်းချမ်းစွာ အသုံးပြုမှုဆိုင်ရာ အသိပညာများကို ပြည်သူများထံ ထိရောက်စွာ ဖြန့်ဖြူးပေးမှုများကို Power Point များဖြင့် ရှင်းလင်းတင်ပြခဲ့။
-
တင်ပြချက်များအပေါ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံမှ ပါမောက္ခများ ပူးပေါင်းဆောင်ရွက်သော ဘုတ်အဖွဲ့က အကဲဖြတ်အမှတ်ပေးကြပြီး ပထမ၊ ဒုတိယ၊ တတိယရရှိသည့် အသင်းသုံးသင်းကို ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့။
-
အဆိုပါ HackAtom ပြိုင်ပွဲသို့ ရန်ကုန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူ ၅၀၀ ခန့် တက်ရောက်ကြပြီး နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာပေးဆွေးနွေး ပွဲများသို့ တက်ရောက်လေ့လာခဲ့။
-
အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဒဂုံ)နှင့် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း(အလုံ)တို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ချုပ်သူစုစုပေါင်း ၄၀၀ ခန့် လာရောက်လေ့လာကြပြီး နျူကလီးယားနည်းပညာနှင့် သိပ္ပံဆိုင်ရာ လက်တွေ့စမ်းသပ်မှုများ ဆောင်ရွက်ကြသည့်အပြင် အုပ်စုလိုက် နျူကလီးယားနှင့် သိပ္ပံဆိုင်ရာဉာဏ်စမ်းဂိမ်းယှဉ်ပြိုင်မှုများ ဆောင်ရွက်ကြရာ ROSATOM မှ တာဝန်ရှိသူများက အနိုင်ရရှိသူများကို ဆုများချီးမြှင့်ခဲ့။
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ "ROSATOM" မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Nikolay Spassky ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့၊ တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၆-၂၀၂၃)
-
ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ပူးပေါင်း၍ သိပ္ပံပွဲတော် ၂၀၂၃ ကို ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာတို့တွင် ဇွန်လ ၂၈ ရက်မှ ၃၀ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် နျူကလီးယားနည်းပညာနှင့် သိပ္ပံပညာဆိုင်ရာ ဉာဏ်စမ်းဂိမ်းယှဉ်ပြိုင်မှုများ ကျင်းပပေးပြီး ဆုများလည်း ချီးမြှင့်ပေးသွားမည်ဖြစ်။
-
သိပ္ပံပွဲတော်ကျင်းပစဉ်အတွင်း နိုင်ငံတော်အတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြုနိုင်ရေးနှင့် နျူကလီးယားနည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမအကြိမ် မြန်မာ-ရုရှားပူးတွဲညှိနှိုင်း ကော်မတီဆွေးနွေးပွဲကိုကျင်းပရာ ဆက်စပ်ဝန်ကြီးဌာနများမှ ကော်မတီအဖွဲ့ဝင်များ စုံလင်စွာတက်ရောက် ဆွေးနွေးခဲ့။
Add new comment