NUG၊ CRPH၊ PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသအချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်ကြသည့် ပြည်သူအချို့အား အကြောင်းပြချက်အမျိုးမျိုးဖြင့် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများကျူးလွန်လျက်ရှိသည့်အပြင် ကိုးကွယ်ဆည်းကပ်ရာဖြစ်သော သံဃာတော်များကိုပါ လုပ်ကြံသတ်ဖြတ်သည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိပါသည်။
- ဇန်နဝါရီလ ၁၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာ၊ ပန်းကုန်းသာဘုန်းကြီးကျောင်း၌ သီတင်းသုံးနေသည့် ဆရာတော် ဘဒ္ဒန္ဒပဏ္ဍိတ သက်တော်(၅၅) နှစ်၊ ဝါတော်(၂၂)ဝါထံသို့ ဆွမ်းလာပို့သည့် ဒါယကာ/ ဒါယိကာမများက ဆရာတော်အား မတွေ့ရှိရသဖြင့် လိုက်လံရှာဖွေရာ အဆိုပါ ဘုန်းကြီးကျောင်း၏ အနောက်ဘက် လယ်ကွက်အတွင်း၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဓါးဖြင့် ခုတ်၊ မီးဖြင့်ရှို့၍ သတ်ဖြတ်ခဲ့ခြင်းကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်း ဓါးဒဏ်ရာများနှင့် အောက်ပိုင်းတွင် မီးရှို့ခံထားရသည့် ဒဏ်ရာများဖြင့် ပျံလွန်တော်မူနေသည်ကို တွေ့ရှိခဲ့။
- အလားတူ မုံရွာမြို့၊ လက်ဇင်အုပ်စု၊ ရွာထောင်ဘုန်းကြီးကျောင်း၌ သီတင်းသုံးနေသည့် ကိုရင်ကြီး ဇဝန(ခ) ငြိမ်းချမ်း (၃၈)နှစ်ဖြစ်သည် ညပိုင်းတွင် စိန်ပန်းနီလမ်းမပေါ်၌ တစ်ပါးတည်း လမ်းလျောက်နေစဉ် ဆိုင်ကယ်မောင်း နှင်လာသည့် အကြမ်းဖက်သူအမျိုးသားတစ်ဦးက တုတ်ဖြင့်ရိုက်နှက်ကာ ထွက်ပြေး သွားခဲ့သဖြင့် ကိုရင်ကြီးတွင် ယာဘက်နားအောက် ညိုမဲဒဏ်ရာ၊ ဝဲမျက်ခုံးအထက် စုတ်ပြဲဒဏ်ရာ၊ နားနှင့်နှာခေါင်းသွေးထွက် ဒဏ်ရာများ ဖြင့် ထိခိုက်ဒဏ်ရာရရှိ ပျံလွန်တော်မူခဲ့။
- အကြမ်းဖက်အဖွဲ့များသည် ရဟန်းသံဃာများကို ယခုကဲ့သို့ အကြမ်းဖက်သတ်ဖြတ်မှုကျုးလွန်ခဲ့ရာ ယနေ့အထိ သံဃာတော် ၂၀ ပါး ပျံလွန်တော်မူ ခဲ့ရပြီး ၇ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း သိရှိရပါသည်။
CRPH ၊ NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန်အတွက် အသုံးပြုမည့်လက်နက်/ခဲယမ်းများကို အများပြည်သူ ယုံကြည်ကိုးကွယ်ရာဖြစ်သော ဘုန်းတော်ကြီးကျောင်းအချို့အတွင်း သိုဝှက်သိမ်းဆည်းခြင်း၊ စခန်းချနေထိုင်ခြင်းများ လုပ်ဆောင်လျက်ရှိသည့်အပြင် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံခြင်းမရှိသည့် ဘုန်းကြီးကျောင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုဒ္ဓသာသနာပြန့်ပွားရေး သာသနာ့တာဝန်ထမ်းဆောင်နေသော ဘုရားသားတော်များအား အကြောင်းမဲ့ရက်ရက်စက်စက်ဖမ်းဆီးသတ်ဖြတ်ခြင်းများသည် မြန်မာလူမျိုးအများစု၏ ကိုးကွယ်ယုံကြည်ရာဖြစ်သော ဗုဒ္ဓဘာသာသာသနာတော် ညှိုးနွမ်းပျက်စီးစေခြင်းနှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေခြင်းတို့ကြောင့် ပြည်သူတစ်ရပ်လုံးက စက်ဆုပ်ရွံရှာ ၍ နာကျည်းမုန်းတီးလျက်ရှိပါသည်။
အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများကိုရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လျှို့ဝှက်စွာဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားကြပါရန် သတင်းထုတ်ပြန်ထားရှိပါသည်။
- PDF အမည်ခံ အကြမ်းဖက်သမားများက ကန့်ဘလူမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာ၊ ပန်းကုန်းသာဘုန်းကြီးကျောင်း၌ သီတင်းသုံးနေသည့် ဆရာတော်အား ဘုန်းကြီး ကျောင်း၏ အနောက်ဘက် လယ်ကွက်အတွင်း၌ ဓါးဖြင့်ခုတ်၊ မီးဖြင့်ရှို့၍ သတ်ဖြတ်ခဲ့။
- မုံရွာမြို့၊ လက်ဇင်အုပ်စု၊ ရွာထောင်ဘုန်းကြီးကျောင်း၌ သီတင်းသုံးနေသည့် ကိုရင်ကြီးအား အကြမ်းဖက်သူအမျိုးသားတစ်ဦးက တုတ်ဖြင့်ရိုက်နှက်ကာ ထွက်ပြေးသွားခဲ့သဖြင့် ကိုရင်ကြီးတွင် ယာဘက်နားအောက် ညိုမဲဒဏ်ရာ၊ ဝဲမျက်ခုံးအထက် စုတ်ပြဲဒဏ်ရာ၊ နားနှင့်နှာခေါင်းသွေးထွက် ဒဏ်ရာများဖြင့် ထိခိုက်ဒဏ်ရာရရှိ ပျံလွန်တော်မူခဲ့။
- အကြမ်းဖက်အဖွဲ့များသည် ရဟန်းသံဃာများကို ယခုကဲ့သို့ အကြမ်းဖက်သတ်ဖြတ် မှုကျုးလွန်ခဲ့ရာ ယနေ့အထိ သံဃာတော် ၂၀ ပါး ပျံလွန်တော်မူခဲ့ရပြီး ၇ ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီးဖြစ်။
Add new comment