ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြသ

     ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြသခြင်းအခမ်းအနားကို ဇွန်လ ၂၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ သာသနာနုဂ္ဂဟဘွဲ့ရပုဂ္ဂိုလ်များ၊ ပြည်တွင်းဘဏ်များနှင့် ကုမ္ပဏီကြီးများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းရုပ်သံလိုင်းများနှင့် ဆက်သွယ်ရေးအော်ပရေတာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သတ္တုလုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင်-

  • မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုကို ပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်စသည့်ရည်ရွယ်ချက် (၄) ရပ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
  • မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်အတွက် သာသနာတော်ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။
  • ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းမှု၊ အေးချမ်းမှုမေတ္တာတရားထားသည့် ဘာသာတရားတစ်ခုဖြစ်ခြင်းကြောင့် ဗုဒ္ဓဘာသာတရား၏အောက်တွင် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုရှိစေရေး ရည်ရွယ်ချက်များဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုး ကွယ်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
  • မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် ယခင်နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဘုရားကြီးတည်ထားကိုးကွယ်ရန်အတွက် ၎င်းထံလှူဒါန်းထားသည့် စကျင်ကျောက်တော်ကြီးကို တပ်မတော်မှဦးဆောင်၍ ဘုရားတည်ထားရန်အတွက် လွှဲအပ်ခဲ့ကြောင်း။
  • အဆိုပါကျောက်တော်ကြီးကို တူးဖော်ရရှိရေး ကျွမ်းကျင်ပညာရှင်များဖြင့် အသေးစိတ်စစ်ဆေးဆောင်ရွက်ပြီး တွက်ချက်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ စတင်တူးဖော်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မတ်လ၌ အမြင့် ၆၅ ပေ၊ ရှေ့အလျား ၁၅၄ ပေ၊ ထု ပေ ၂၀ ရှိ A အဆင့်ရှိသည့် ကျောက်တော်ကြီးကို အကြမ်းထည်ပုံဖော်နိုင်ခဲ့ကြောင်း။
  • ဆင်းတုတော်ကြီး ထုဆစ်ရန်အတွက် ကျောက်တုံးတော်ကြီးများကို သယ်ယူရေးစီစဉ်ဆောင်ရွက်ခဲ့ရာတွင် ကုန်းလမ်းမှသယ်ယူရန် အခက်အခဲများရှိခြင်းကြောင့် စကျင်တောင်မှ ဧရာဝတီမြစ်၊ ၎င်းမှဆီမီးခုံဆိပ်ကမ်း၊ ထိုမှတစ်ဆင့် ကုန်းလမ်းမှ နေပြည်တော်သို့ ကျောက်တုံးတော်ကြီးများကို ပိုင်းဖြတ်သယ်ယူပင့်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း။
  • စကျင်တောင်မှ သယ်ဆောင်ရန်အတွက် ဆောင်ရွက်ရာတွင်လည်း တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့နှင့် တပ်မတော်(ရေ)တို့ပူးပေါင်း၍ မြောင်မြစ်သို့ တူးမြောင်းဖောက်လုပ်ရာတွင် မြေကျင်း ၉၂၅၀၇ ကျင်း၊ တူးမြောင်းအရှည် ၄၅၈၃ ပေ ဖောက် လုပ်ဆောင်ရွက် ခဲ့ရပြီး ဆီမီးခုံဆိပ်ကမ်းသို့ ရေယာဉ်များဆိုက်ကပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့ရကြောင်း။
  • ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၃ ရက်တွင် ကျောက်တုံးတော်ကြီးများကို စတင်ပင့်ဆောင်ခဲ့ကြောင်း၊ ကျောက်တုံးတော်ကြီးများ ထိခိုက်မှုမရှိစေရေး စနစ်တကျဖြင့် ပင့်ဆောင်ခဲ့ရပြီး စုစုပေါင်းအနေဖြင့် ၉ ကြိမ် ပင့်ဆောင်ခဲ့ရကာ တန်ချိန်အားဖြင့် ၈၁၅၈ တန် သယ်ဆောင် ခဲ့ရကြောင်း။
  • စက်တင်ဘာလ ၁၈ ရက်တွင် ကျောက်တုံးတော်ကြီးများအားလုံး ဆီမီးခုံဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း၊ ဆီမီးခုံဆိပ်ကမ်းမှ စကားအင်းအဝိုင်းအကြား ကျောက်တုံးတော်ကြီးများ ချောမွေ့စွာသယ်ယူနိုင်ရေး ၂၂ မိုင် ၅ ဖာလုံအရှည်လမ်းအား ဆောင်ရွက်ခဲ့ပြီး နေပြည်တော်သို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် စတင်ပင့်ဆောင်ခဲ့ကြောင်း။
  • ထိုသို့ပင့်ဆောင်ရာတွင်လည်း တန်ချိန် ၁၅၀၀ နှင့် ၂၀၀၀ ကြား သယ်ဆောင်နိုင်သည့် ကားများသွားလာနိုင်ရေး ရှောင်ကွင်းလမ်းများ ဖောက်လုပ်ခြင်းနှင့် လမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကာ အချိန်အားဖြင့် ၄ လကြာမြင့်ခဲ့ကြောင်း။
  • ကျောက်တုံးတော်ကြီးများကို ကုန်းလမ်းခရီးဖြင့် သယ်ယူရာတွင် စုစုပေါင်း ၇ ခေါက် သယ်ယူခဲ့ရပြီး အလေးချိန်အနေဖြင့် ၇၆၃၂ တန်ဖြစ်ကြောင်း။
  • သယ်ယူရာတွင်လည်း ကျောက်တုံးတော်ကြီးများကို ပင့်ဆောင်သည့် Modula Trailar များ ထုတ်လုပ်သော ဂျာမဏီနိုင်ငံမှ Goldhofer Company အနေဖြင့် ကမ္ဘာပေါ်တွင် အလေးချိန်အများဆုံးအရာဝတ္တုများကို ခရီးအကွာအဝေးအရှည်ဆုံး ရွှေ့ပြောင်း သယ်ယူနိုင်ခဲ့သည့် အသိအမှတ်ပြု Certificate ကို ပေးအပ်ခဲ့ကြောင်း။
  • မိမိတို့အနေဖြင့် အလေးချိန်အများဆုံး စကျင်ကျောက်အား အဝေးဆုံးသော ရေလမ်းခရီးသယ်ဆောင်မှုနှင့် အဝေးဆုံးသောကုန်းလမ်းခရီး သယ်ဆောင်မှုကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။
  • ဘုရားကြီးတည်ထားကိုးကွယ်ရန်အတွက် မြေနေရာကို စနစ်တကျဖြင့် အကွက်ချ တွက်ချက်ဆောင်ရွက်ခဲ့သကဲ့သို့ နိုင်ငံတော်သံဃာ့မဟာနာယကဆရာတော်ကြီးများထံမှလည်း ဩဝါဒခံယူခြင်းများဆောင်ရွက်ခဲ့ပြီး ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်များ ပြည့်စုံစွာ ဖြင့် ထည့်သွင်းတည်ဆောက်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း။
  • မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားမည့်နေရာတွင် တန်ချိန် ၂၀,၀၀၀ ခံနိုင်ရည်ရှိသည့် အောက်ခံခုံတည်ဆောက်နိုင်ရန်အတွက် ဘိုးလ်ပိုင်များရိုက်၍ ဆောင်ရွက်ခဲ့ကြောင်း။
  • မာရဝိဇယကျောင်းတော်နှင့် မုစလိန္ဒကန်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို စောင့်ရှောက်ရန်အတွက် ဩဝါဒါစရိယဆရာ တော်ကြီးများရှိရန်လိုအပ်သဖြင့် မာရဝိဇယကျောင်းတော်ကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကျောင်းတော်တွင် သံဃာတော် ၅ ပါးသီတင်းသုံးနိုင်မည်ဖြစ်ကြောင်း။
  • မုစလိန္ဒကန်နှင့် နဂါးရုံဘုရားတည်ထားရာတွင်လည်း ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒခံယူလျက် ဝိနည်းမဟာဝါ ပါဠိတော်၊ ဝိနည်းမဟာဝါ အဋ္ဌကထာ၊ သာရတ္ထဋီကာ၊ မူလပဏ္ဏာသအဋ္ဌကထာ၊ ဥဒါန်းပါဠိတော်၊ ဇာတကအဋ္ဌကထာစသည့် ပိဋကတ် တော်လာအဆိုများနှင့် မဟာဗုဒ္ဓဝင်ကျမ်းဂန်တော်များနှင့်အညီ ပြည့်စုံစွာတည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း။
  • ကျောက်စာရုံစေတီများ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ဘုရားဖူးလာမိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ကျောက်စာတိုက်အတွင်းရှိ ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်း လေ့လာဖတ်ရှုကြည်ညိုနိုင်ရေးအတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်း၍ တည်ထားဆောင်ရွက် ခြင်းဖြစ်ကြောင်း။
  • ကျောက်စာများရေးထိုးရာတွင်လည်း မှားယွင်းမှုမရှိစေရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် သီတဂူသာသနာ့တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ ဦးဆောင်မှုဖြင့် ဆရာတော်ကြီးများမှ နေ့စဉ်တည်းဖြတ်၍ စနစ်တကျမှတ်တမ်းတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။
  • မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တွဲဆက်ထားသည့် ဆင်းတုတော်အပိုင်းများကို ပင့်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ပြည်ပပညာရှင် များလုံးဝပါရှိခြင်း မရှိကြောင်း။
  • တန်ချိန်ပေါင်း ၁,၇၀၀ ရှိသည့် ဆင်းတုတော်အပိုင်း (၁၊၂၊၃) တို့တွဲဆက်ထားသည့် အပိုင်းအား ပင့်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သံမဏိပန်းတောင်းကို အသုံးပြုခဲ့ရကြောင်း။
  • ဆင်းတုတော်အပိုင်းများ ထည့်သွင်းထားသည့် သံမဏိပန်းတောင်းကို တန်ချိန် ၁,၅၀၀ ရှိသည့် သံမဏိမျှော်စင်ကြီးနှင့် တန်ချိန် ၂၅၀ ရှိ အထောက်အကူပြု သံမဏိစင်ကို အသုံးပြု၍ဆောင်ရွက်ခဲ့ရကြောင်း။
  • ဇန်နဝါရီ ၂၇ ရက်နှင့် ဖေဖော်ဝါရီ ၁၀ ရက်၌ ရတနာပလ္လင်တော်ထက်တွင် နိုင်ငံတော်တစ်ဝန်းလုံးမှ (၇) ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များကကုသိုလ်ပြု လှူဒါန်းထားသည့် အဖိုးတန်ကျောက်မျက်ရတနာ ဌာပနာတော် ကုသိုလ်ပစ္စည်းများ ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့ကြောင်း။
  • မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လက်မှုအချောသပ်လုပ်ငန်းနှင့် ဆေးသင်္ကန်းကပ်ခြင်းလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူဆောင်ရွက်ခဲ့ကြောင်း၊ ဥဏ္ဏလုံမွေးရှင်တော်မြတ်ကိုလည်း တပ်ဆင်ပူဇော်ခဲ့ကြောင်း။
  • ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရန်အတွက် ပန္နက်ရိုက်ခဲ့သည်မှ ယနေ့အထိ ရက်ပေါင်း ၁,၁၁၀ ၊ ၃ နှစ်နှင့် ၁၅ ရက်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း။
  • ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် တန်ချိန် ၂၀,၀၀၀ အထိ ခံနိုင်သော အောက်ခံအမာရရှိရေး၊ တစ်နာရီလေတိုက်နှုန်း မိုင် ၁၂၀ ရှိသည့် လေပြင်းမုန်တိုင်းတိုက်ခတ်မှုဒဏ်ခံနိုင်ရေး၊ မြန်မာနိုင်ငံတွင် အမြင့်ဆုံးလှုပ်ခတ်နိုင်သည့် ရစ်ချ်စတာ စကေး ၈ ဒသမ ၈ အထိ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် လျှပ်စီးမိုးကြိုးများကြောင့် ဆင်းတုတော်ကြီး ထိခိုက်မှုမရှိစေရေးတို့အတွက် အင်ဂျင်နီယာရှုထောင့်မှ စနစ်တကျတွက်ချက် တည်ဆောက်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့။

အခမ်းအနားတက်ရောက်လာကြသူများက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ်တည်ဆောက်ခြင်းအတွက် ကြည်ညိုသဒ္ဒါပွားများလျက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ်တော်အတွင်း ဘက်ဂီယာဉ်ငယ်များဖြင့် လှည့်ကြည့်ရှုဖူးမြော်ကြသည့် အခမ်းအနား တက်ရောက်လာကြသူများကို လိုက်လံရှင်းလင်းပြသခဲ့ကြပါသည်။

 ယနေ့ကျင်းပပြုလုပ်သည့်အခမ်းအနားတွင် အခမ်းအနားတက်ရောက်လာကြသူများက သဒ္ဒါတရားစိတ်ထက်သန်စွာဖြင့် လှူဒါန်းသည့် အလှူရှင် ၁၀၁ ဦး၏ လှူဒါန်း မှုစုစုပေါင်းမှာ ငွေကျပ် ၁၆,၁၇၇ သန်း (၁၆ ဒသမ ၁၇၇ ဘီလီယံ) ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၆-၂၀၂၃)

 

  • ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းမှု၊ အေးချမ်းမှုမေတ္တာတရားထားသည့် ဘာသာတရားတစ်ခုဖြစ်ခြင်းကြောင့် ဗုဒ္ဓဘာသာတရား၏အောက်တွင် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုရှိစေရေး ရည်ရွယ်ချက်များဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုး ကွယ်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်။
  • ဆင်းတုတော်ကြီး ထုဆစ်ရန်အတွက် ကျောက်တုံးတော်ကြီးများကို သယ်ယူရေးစီစဉ်ဆောင်ရွက်ခဲ့ရာတွင် ကုန်းလမ်းမှသယ်ယူရန် အခက်အခဲများရှိခြင်းကြောင့် စကျင်တောင်မှ ဧရာဝတီမြစ်၊ ၎င်းမှဆီမီးခုံဆိပ်ကမ်း၊ ထိုမှတစ်ဆင့် ကုန်းလမ်းမှ နေပြည်တော် သို့ ကျောက်တုံးတော်ကြီးများကို ပိုင်းဖြတ်သယ်ယူပင့်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ရ။
  • မိမိတို့အနေဖြင့် အလေးချိန်အများဆုံး စကျင်ကျောက်အား အဝေးဆုံးသော ရေလမ်းခရီးသယ်ဆောင်မှုနှင့် အဝေးဆုံးသောကုန်းလမ်းခရီး သယ်ဆောင်မှုကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်။
  • မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားမည့်နေရာတွင် တန်ချိန် ၂၀,၀၀၀ ခံနိုင်ရည်ရှိသည့် အောက်ခံခုံတည်ဆောက်နိုင်ရန်အတွက် ဘိုးလ်ပိုင်များရိုက်၍ ဆောင်ရွက်ခဲ့။
  • မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တွဲဆက်ထားသည့် ဆင်းတုတော်အပိုင်းများကို ပင့်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ပြည်ပ ပညာရှင်များ လုံးဝပါရှိခြင်းမရှိ။
  • ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရန်အတွက် ပန္နက်ရိုက်ခဲ့သည်မှ ယနေ့အထိ ရက်ပေါင်း ၁,၁၁၀ ၊ ၃ နှစ်နှင့် ၁၅ ရက်ကြာမြင့်ခဲ့ပြီဖြစ်။
  • အခမ်းအနားတက်ရောက်လာကြသူများက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ်တည်ဆောက်ခြင်းအတွက် ကြည်ညိုသဒ္ဒါပွားများလျက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့။
  • ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် အခမ်းအနားတက်ရောက်လာကြသူများက သဒ္ဒါတရားစိတ်ထက်သန်စွာဖြင့် လှူဒါန်းသည့် အလှူရှင် ၁၀၁ ဦး၏ လှူဒါန်းမှုစုစုပေါင်းမှာ ငွေကျပ် ၁၆,၁၇၇ သန်း (၁၆ ဒသမ ၁၇၇ ဘီလီယံ) ဖြစ်။

Add new comment