နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်စနစ်ဖြင့် ဆောင်ရွက်ခြင်းကို ဩဂုတ်လ ၁ ရက်မှ စတင်မည်ဖြစ်ပါသည်။
ဘဏ်စနစ်ဖြင့်ဆောင်ရွက်ခြင်းကို-
- ကနဦးအဆင့်အနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်က စတင်ကျင့်သုံးဆောင်ရွက်ခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်စနစ်ဖြင့် ဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှ စတင်ကျင့်သုံးမည် ဖြစ်။
- သွင်းကုန်ပစ္စည်းများ တင်သွင်းမှုအတွက် တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ဝင်ငွေ၊ တခြားဝင်ငွေများနှင့် ပြည်တွင်းဘဏ်မှဖြစ်စေ ဝယ်ယူရရှိထားသော ငွေစာရင်းလက်ကျန်(ယွမ်ငွေ) ကို အသုံးပြုတင်သွင်းခွင့်ပြုမည်ဖြစ်။
သွင်းကုန်တင်သွင်းသူများအနေဖြင့် အဆိုပါရငွေများကို အသုံးပြုကာ သက်ဆိုင်ရာဘဏ်များမှတစ်ဆင့် သွင်းကုန်အတွက် ငွေပေးချေမှုများကို ပေးချေဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၆-၂၀၂၃)
- မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်စနစ်ဖြင့်ဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှစတင်မည်ဖြစ်ပြီး သွင်းကုန်ပစ္စည်းများ တင်သွင်းမှုအတွက် တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ဝင်ငွေ၊ တခြားဝင်ငွေများနှင့် ပြည်တွင်းဘဏ်မှဖြစ်စေ ဝယ်ယူရရှိ ထားသော ငွေစာရင်းလက်ကျန်(ယွမ်ငွေ) ကို အသုံးပြုတင်သွင်းခွင့်ပြုမည်ဖြစ်။
Add new comment