ကိုဗစ်-၁၉ ရောဂါကြောင့် ခြောက်လခန့်ပိတ်ထားသည့် လွယ်ဂျယ်-လိုင်းရင်း နယ်စပ်ဂိတ်ဖွင့်လှစ်ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုပြန်လည်စတင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်မှ ကုန်သွယ်မှုကို ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လလယ်ခန့်မှ စတင်၍ ခြောက်လခန့်ရပ်နားခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေး ပြန်လည်စတင်ခဲ့ပါသည်။

နှစ်နိုင်ငံကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဘက်မှ ကြံနှင့် တစ်သျှူးငှက်ပျောတို့ကို စမ်းသပ်ကာလတွင် တင်ပို့ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံဘက်မှ ဓာတ်မြေဩစာ၊ အထည်အလိပ်နှင့် အိမ်သုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို တင်သွင်းမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ဂိတ်ပိတ်စဉ်က နှစ်နိုင်ငံအတွင်း ပိတ်မိနေသော ယာဉ်များကို အရေအတွက်တူညီစွာ ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းရာတွင် နှစ်နိုင်ငံသဘောတူညီချက်အရ ကိုဗစ်-၁၉ ရောဂါကာကွယ်မှုအနေဖြင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် ကုန်တင်ကုန်ချ အလုပ်သမားများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူများကိုသာ ဆောင်ရွက်ခွင့်ပြုပေးလျက်ရှိကြောင်း သိရှိရပါသည်။

  • လွယ်ဂျယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်မှ ကုန်သွယ်မှုကို ကိုဗစ်-၁၉ ရောဂါ ကြောင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လလယ်ခန့်မှစတင်၍ ခြောက်လခန့်ရပ်နားခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေး ပြန် လည်စတင်ခဲ့။
  • မြန်မာနိုင်ငံဘက်မှ ကြံနှင့် တစ်သျှူးငှက်ပျောတို့ကို စမ်းသပ်ကာလတွင် တင်ပို့ ဆောင်ရွက်မည်ဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ ဓာတ်မြေဩစာ၊ အထည်အလိပ်နှင့် အိမ်သုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို တင်သွင်းမည်ဖြစ်။

Add new comment