ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား ပို့ဆောင်

      မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများအား တပ်မတော်လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် နေ့စဉ်ပို့ဆောင်ပေးလျက်ရှိရာ ဇွန်လ ၂၇ ရက်တွင် အခြေခံစားသောက်ကုန် စုစုပေါင်း ၃.၃၈၂ တန်ကိုတင်ဆောင်၍ တပ်မတော်(လေ)ရှိ လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။

ဇွန်လ ၂၄ ရက်တွင် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မြစ်ကြီးနား)ဖြင့်  အခြေခံစားသောက်ကုန် စုစုပေါင်းကုန်တန်ချိန် ပေါင်း  ၄၆၆.၅ တန်ချိန်အား တင်ဆောင်၍ စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့ပါသည်။

သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်(လေ)ရှိ လေယာဉ်/ရဟတ်ယာဉ်များဖြင့် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးလျက်ရှိရာ မေလ ၁၅ ရက်မှ ဇွန်လ ၂၇ ရက်ထိ ထောက်ပံ့ရေးပစ္စည်း ၅၃၉.၆ တန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်း ၃,၄၂၂ ဦးတို့အား ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း၊ လေဆိပ်များသို့ ရောက်ရှိသည့် ကယ်ဆယ်ရေးပစ္စည်းများအား မုန်တိုင်းဒဏ်သင့်ဒေသများသို့ ရဟတ်ယာဉ်များဖြင့် ဆက်လက်ပေးပို့ဖြန့်ဖြူးလျက်ရှိရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၆-၂၀၂၃)

 

  • ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်လေယာဉ်/ရဟတ်ယာဉ်၊ ရေယာဉ်များဖြင့် ပို့ဆောင်လျက်ရှိ။
  • တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မြစ်ကြီးနား) ဖြင့်  အခြေခံစားသောက်ကုန် စုစုပေါင်းကုန်တန်ချိန် ပေါင်း  ၄၆၆.၅ တန်ချိန်အား တင်ဆောင်၍ စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့။
  • တပ်မတော်လေယာဉ်/ရဟတ်ယာဉ်ဖြင့် မေလ ၁၅ ရက်မှ ဇွန်လ ၂၇ ရက်ထိ ထောက်ပံ့ရေးပစ္စည်း ၅၃၉.၆ တန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်း ၃,၄၂၂ ဦးတို့အား ပို့ဆောင်ပေးနိုင်ခဲ့။

Add new comment