ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရမှုအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်

        ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

  • ဇွန်လ ၂၁ ရက်မှ ၂၄ ရက်အထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့သည် စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းနှင့် ဖောင်တော်ကြီးဆိပ်ခံတံတားတို့၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများကို ဘေးသင့်ဒေသများသို့ ဖြန့်ခွဲပေးနိုင်ရေး ဆောင်ရွက်ပေးနေမှုနှင့် ကမ်းနားလမ်းပျက်စီးမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ဟိန္ဒူဘုရားကျောင်းများ ပြုပြင်ရေးနှင့် ဘိုးဘွားရိပ်သာများနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့။
  • မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ခန့်အပ်တာဝန်ပေးထားသည့် တပ်မတော်မှအရာရှိကြီးများသည် ဇွန်လ ၂၁ ရက်မှ ၂၇ ရက် အထိ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မြောက်ဦး၊ သံတွဲ၊ ရသေ့တောင်၊ မောင်တော၊ မင်းပြား၊ ကျောက်တော်မြို့များ၌ နယ်လှည့်ဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ ရေနုတ်မြောင်းများတူးဖော်နေမှု၊ ဝန်ထမ်းနေအိမ်လိုင်းခန်းများ ပြန်လည်ပြုပြင်နေမှု၊ ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ကျန်းမာရေးအဆောက်အဦများ ပြင်ဆင်ပြီးစီးမှု၊ Cyclone Shelter ဆောက်လုပ်ထားရှိမှု၊ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးတို့ကို ကြည့်ရှုခဲ့။
  • ထို့ပြင် ဘုန်းတော်ကြီးကျောင်းများ၊ ဒေသခံပြည်သူများနှင့် ဆရာ၊ ဆရာမများ၊ ဘိုးဘွားရိပ်သာများရှိ အဘိုး၊အဘွားများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် အလှူငွေများ၊ စပါးစိုက်တောင်သူများသို့ မျိုးစပါး ၁၂၀ တင်းနှင့် MPE ယူရီးယားဓာတ် မြေဩဇာ ၁,၀၀၀ အိတ်တို့ကို ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့။
  • ဇွန်လ ၂၁ ရက်မှ ၂၇ ရက်အထိ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များသို့ ကြိုတင်စေလွှတ်ထားသော တပ်မတော်မှကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ သောက်သုံးရေပေးဝေခြင်း၊ ရေမြောင်းများအတွင်း အမှိုက်များရှင်းလင်းခြင်းနှင့် ရေနုပ်မြောင်းများတူးဖော်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့။
  • ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍများတွင် အသုံးပြုရန်အတွက် စစ်တွေပြည်သူ့ဆေးရုံကြီးနှင့် ကွန်ပျူတာတက္ကသိုလ်၌ MPT က လည်းကောင်း၊ စစ်တွေတက္ကသိုလ်၊ စစ်တွေပြည်သူ့ဆေးရုံကြီး၊ ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ၌ MYTEL က လည်းကောင်း၊ သူနာပြုသင်တန်းကျောင်းနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့၌ ATOM က လည်းကောင်း၊ စစ်တွေနည်းပညာတက္ကသိုလ်နှင့် တိုင်းရင်းဆေးရုံကြီးတို့၌ OOREDOO ကလည်းကောင်း အင်တာနက်ဝန်ဆောင်မှုကို သုံးနှစ် အခမဲ့အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့။
  • ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့များသို့ ဇွန်လ ၇ ရက်နှင့် ၁၈ ရက် တို့တွင် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကျန်ရှိနေသောဒေသများအား လျှပ်စစ်မီးရရှိနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ ဇွန် ၂၃ ရက်တွင် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - မြောက်ဦး ဓာတ်အားလိုင်းပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြုပြင်ဆောင်ရွက်ပြီးဖြစ်သဖြင့် မြောက်ဦးမြို့ရှိ မြို့ပေါ် ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာ ၂၆ ရွာ၊ မင်းပြားမြို့ရှိ မြို့ပေါ်ရပ်ကွက် (၈) ရပ်ကွက်နှင့် ကျေးရွာ(၃)ရွာ၊ မြေပုံမြို့ရှိ မြို့ပေါ်ရပ်ကွက် (၉) ရပ်ကွက်နှင့် ကျေးရွာ(၅)ရွာတို့အား ဓာတ်အားဖြန့်ဖြူးပေးထားပြီးဖြစ်။
  • ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ဆက်သွယ်ရေးမိုဘိုင်းစခန်းများ ထိခိုက်ပျက်စီးခဲ့ရာ ဇွန်လ ၂၃ ရက်အထိ မိုဘိုင်းစခန်းပေါင်း ၁၂၂၇ ခုကို ပြန်လည်ပြုပြင်ပြီးဖြစ်၍ မိုဘိုင်းဖုန်းဆက်သွယ်ရရှိမှုအနေဖြင့် ၉၉ ဒသမ ၅၁ ရာခိုင် နှုန်းဖြစ်။
  • ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၀ မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာ ၅၇၉ ရွာ၌ ရွေ့လျားရေသန့်စင်ကား၊ ဆိုလာစွမ်းအင်သုံးရေသန့်စင်စက်နှင့် Life Straw တို့ဖြင့် ရေဂါလန်ပေါင်း ၁,၀၃၆,၁၈၆ ဂါလန် ဖြန့်ဝေပေးနိုင်ခဲ့ကာ ဇွန်လ ၂၃ ရက်အထိ မုန်တိုင်းကြောင့် ဆားငန်ရေဝင်ရောက်ခဲ့သည့် မြေသားရေကန် ၂၃၀ ကန်မှရေများကို စုပ်ထုတ်ဆောင်ရွက်နိုင်ခဲ့။
  • ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဒေသခံပြည်သူစုစုပေါင်း ၁၁၄၄ ဦးကို ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ နှလုံးဆိုင်ရာ ၁၄၅ ဦး၊ ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ ၄၈ ဦး၊ အဆုတ်နှင့် ရင်ခေါင်းဆိုင်ရာ ၃၈ ဦး၊ အရိုး၊ အကြော/ အဆစ်ဆိုင်ရာ ၂၉၉ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ၅၅ ဦး၊ ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာ ၇၅ ဦး၊ သွေးရောဂါဆိုင်ရာ ၁၇ ဦး၊ အရေပြားရောဂါဆိုင်ရာ ၁၀၄ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ၁၂၉ ဦး၊ အသည်းရောဂါဆိုင်ရာ ၂၁ ဦး၊ ကလေးသွေးရောဂါ ၃၅ ဦး နှင့် အထွေထွေရောဂါဆိုင်ရာ ၁၇၈ ဦးတို့ကို ကုသမှု ပေးနိုင်ခဲ့။
  • ဇွန်လ ၂၇ ရက်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် အဖွဲ့သည် စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်နှင့် ရွာသစ်ကေကျေးရွာတို့ကို ဆက်သွယ်ပေးထားသော ဘေလီသစ်သားကြမ်းခင်းတံတား ပြန်လည်တည်ဆောက်နေမှု၊ စစ်တွေ ကမ်းနားပတ်လမ်း (ရှုခင်းသာလမ်း)၊ စာတိုက်လမ်းဆုံမှ စစ်တွေဟိုတယ်အထိ အရှည်ပေ ၁၂၉၀၀ လမ်းပိုင်း ပြင်ဆင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့။

ထိုသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက ပြန်လည်ထူထောင်ရေး ပူးပေါင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁ -၆-၂၀၂၃)

 

 
   
  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများသို့ တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ။

Add new comment