ပြည်ထောင်စုဝန်ကြီးများ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

         လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်တို့သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Dr. Nikolay Listopadov အား ဇွန်လ ၂၇ ရက်တွင် အဆိုပါဝန်ကြီးဌာနအသီးသီးရှိ ဧည့်ခန်းမဆောင် များ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင်ရှိသော နေရောင်ခြည်စွမ်းအင်၊ ရေအားလျှပ်စစ်နှင့် လေအားလျှပ်စစ် စသည့်အရင်းအမြစ်များကို အသုံးပြု၍ စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ၊ လျှပ်စစ်ကဏ္ဍဆိုင်ရာစီမံကိန်းများတွင် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့် နှစ်နိုင်ငံအကြားကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
  • ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး၊ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း၏ အလားအလာကောင်းများနှင့် အခွင့်အလမ်းကောင်းများ၊ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် ဖိုရမ်များ၊ ရုရှား- မြန်မာ Charter Flight များ ပြေးဆွဲနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲများသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၆-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးရာတွင်  လျှပ်စစ်ကဏ္ဍဆိုင်ရာစီမံကိန်းများတွင် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ ရုရှား- မြန်မာ Charter Flight များ ပြေးဆွဲနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment