အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၌ မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီး

          ဇွန်လ ၂၆ ရက်၌ ကျရောက်သည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လည်းကောင်း၊ မြန်မာနိုင်ငံ၌ တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားများကို တောင်ကြီး၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ပြုလုပ်သည့် မီးရှို့ဖျက်ဆီးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လည်းကောင်း၊ ရန်ကုန်မြို့၌ ပြုလုပ်သည့် မီးရှို့ဖျက်ဆီးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များကလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက် ရောက်ခဲ့ကြပါသည်။

ရန်ကုန်မြို့၌ ပြုလုပ်သည့် မီးရှို့ဖျက်ဆီးပွဲသို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၊ ဩစတြေးလျပြည်ထောင်စုရဲအဖွဲ့ (AFP)၊ တရုတ်နိုင်ငံအမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင် (NNCC)၊ ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် မန္တလေးမြို့၌ ပြုလုပ်သည့် မီးရှို့ဖျက်ဆီးပွဲသို့ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ တရုတ်ကောင်စစ်ဝန်ချုပ်နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

  • တောင်ကြီးမြို့၌ ပြုလုပ်သည့် မီးရှို့ဖျက်ဆီးပွဲတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၄၇၅ ဒသမ ၈၈၅ ကီလိုကျော်၊ ဘိန်းဖြူ ၅၆၂ ဒသမ ၈၀၉ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၃ သန်းကျော်၊ အိုက်စ် ၄,၇၉၃ ဒသမ ၃၀၈ကီလိုကျော်၊ ကက်တမင်း ၈၀၅ ဒသမ ၃၅၉ ကီလိုကျော်၊ ဆေးခြောက် ၁၈၀ ဒသမ ၈၇၆ ကီလိုကျော်၊ ဘိန်းညိုမှုန့် ၃၀၇ ဒသမ ၃၁၅ ကီလို ကျော်အပါအဝင် မူးယစ်ဆေးဝါး ၂၃ မျိုးနှင့် ဓာတုပစ္စည်း ၅၂ မျိုး စုစုပေါင်းတန် ဖိုးငွေကျပ် ၃၅၅ ဒသမ ၂၆၈ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၆၉ ဒသမ ၁၇၅ သန်းကျော်) ကိုလည်းကောင်း ဖျက်ဆီးခဲ့။
  • ရန်ကုန်မြို့၌ ပြုလုပ်သည့် မီးရှို့ဖျက်ဆီးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှ ဖမ်းဆီးရမိသော ဘိန်း ၁၇၆ ဒသမ ၂၃၂ ကီလို၊ ဘိန်းဖြူ ၉၂ ဒသမ ၅၂၁ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ သန်းကျော်၊ အိုက်စ် ၁၂,၇၄၈ ဒသမ ၃၀၅ ကီလို ကျော်၊ ဘိန်းစာမှုန့် ၇၂၈ ဒသမ ၈၃၈ကီလိုကျော်၊ ကက်တမင်း ၄,၁၆၃ ဒသမ ၁၃၂ ကီလိုကျော်၊ ဆေးခြောက် ၃၈၅ ဒသမ ၈၇၇ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၂၀ မျိုးနှင့် ဓာတုပစ္စည်း ၁၆ မျိုးတို့၏ စုစုပေါင်းတန်ဖိုးငွေကျပ် ၄၃၆ ဒသမ ၄၅၆ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၀၇ ဒသမ ၈၃၆ သန်းကျော်) ကိုလည်းကောင်း။
  • မန္တလေးမြို့၌ ပြုလုပ်သည့် မီးရှို့ဖျက်ဆီးပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသ၊ အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၄၇၈ ဒသမ ၀၃၁ ကီလိုကျော်၊ ဘိန်းဖြူ ၆၁၀ ဒသမ ၄၄၅ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်းကျော်၊ အိုက်စ် ၃,၅၂၇ ဒသမ ၇၅၄ ကီလိုကျော်၊ ကက်တမင်း ၂၂ ဒသမ ၆၇၃ ကီလိုကျော်၊ ဆေးခြောက် ၂၇၄ ဒသမ ၇၈၇ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၁၉ မျိုးနှင့် ဓာတုပစ္စည်း ၁၅ မျိုးတို့၏ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၄၄ ဒသမ ၉၉၈ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၆၉ ဒသမ ၀၄၆ သန်းကျော်) ကိုလည်းကောင်း။
  • ၂၀၂၃ ခုနှစ်အတွင်း ဖမ်းဆီးရမိစုစုပေါင်း ဘိန်း ၁,၁၃၀ ဒသမ ၁၄၉ ကီလိုကျော်၊ ဘိန်းဖြူ ၁,၂၆၅ ဒသမ ၇၇၇ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၄ သန်းကျော်၊ အိုက်စ် ၂၁,၀၆၉ ဒသမ ၃၆၇ ကီလိုကျော်၊ ဘိန်းစာမှုန့် ၇၂၈ ဒသမ ၈၃၈ ကီလို ကျော်၊ ဆေးခြောက် ၈၄၁ ကီလို ကျော်၊ ကက်တမင်း ၄,၉၉၁ ဒသမ ၁၆၅ ကီလို ကျော်နှင့် ဘိန်းညိုမှုန့် ၃၀၇ ဒသမ ၃၁၅ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၁၀၈ မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၄၄၆ ဒသမ ၀၅၈ သန်းကျော်) တို့ကိုဖျက်ဆီးနိုင်ခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်မှု ကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းအများအပြား ဖမ်းဆီးရမိ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၇-၆-၂၀၂၃)

 

  • တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို မန္တလေး၊ ရန်ကုန်နှင့် တောင်ကြီးမြို့တို့တွင် မီးရှို့ဖျက်ဆီးပွဲပြုလုပ်ခဲ့။
  • ၂၀၂၃ ခုနှစ်အတွင်း ဖမ်းဆီးရမိစုစုပေါင်း ဘိန်း ၁,၁၃၀ ဒသမ ၁၄၉ ကီလိုကျော်၊ ဘိန်းဖြူ ၁,၂၆၅ ဒသမ ၇၇၇ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၄ သန်းကျော်၊ အိုက်စ် ၂၁,၀၆၉ ဒသမ ၃၆၇ ကီလိုကျော်၊ ဘိန်းစာမှုန့် ၇၂၈ ဒသမ ၈၃၈ ကီလိုကျော်၊ ဆေးခြောက် ၈၄၁ ကီလိုကျော်၊ ကက်တမင်း ၄,၉၉၁ ဒသမ ၁၆၅ ကီလိုကျော်နှင့် ဘိန်းညိုမှုန့် ၃၀၇ ဒသမ ၃၁၅ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၁၀၈ မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၄၄၆ ဒသမ ၀၅၈ သန်းကျော်) တို့ကိုဖျက်ဆီးနိုင်ခဲ့။

 

Add new comment