ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ Relief Flight များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ်ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန၌ ၁၇-၁-၂၀၂၂ ရက်တွင် ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ ၄၂ ခုတွေ့ရှိခဲ့ပါသည်။
အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ မြန်မာနိုင်ငံသား ၃၆ ဦးနှင့် နိုင်ငံခြားသား ၆ ဦး တို့မှာ Relief Flight များဖြင့် ဝင်ရောက်လာသူများဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ၂၁ ဦး၊ မလေးရှားနိုင်ငံမှ ၁၂ ဦး၊ ဖိလစ်ပိုင်နိုင်ငံမှ ၄ ဦး၊ ထိုင်းနိုင်ငံမှ ၃ ဦး၊ ယူအေအီးနိုင်ငံမှ ၁ ဦးနှင့် စင်ကာပူနိုင်ငံမှ ၁ ဦးတို့ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ၁၇-၁-၂၀၂၂ ရက်အထိ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၁၁၈ ဦးရှိရာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၁၁၆ ဦးနှင့် ၎င်းတို့နှင့် ထိတွေ့သည့် မိသားစုဝင် ၂ ဦးတို့ဖြစ်ကြောင်း သိရှိရပါသည်။
- ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ Relief Flight များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ ၄၂ ခု ထပ်မံတွေ့ရှိခဲ့။
- ၁၇-၁-၂၀၂၂ ရက်အထိ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၁၁၈ ဦးရှိရာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၁၁၆ ဦးနှင့် ၎င်းတို့နှင့် ထိတွေ့သည့်မိသားစုဝင် ၂ ဦးဖြစ်။
Add new comment