ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ဒေသများရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းလျက်ရှိရာ ဇွန်လ ၂၆ ရက်တွင် အာဆီယံနိုင်ငံများမှ ပေးပို့သည့်အကူအညီပစ္စည်းများ တန်ချိန်စုစုပေါင်း ၁၃.၅၉၄ တန် သယ်ဆောင်လာသည့် အင်ဒိုနီးရှားတပ်မတော်မှ လေယာဉ် C-130 လေယာဉ် တစ်စင်း ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့ပါသည်။
အဆိုပါ လေယာဉ်ဖြင့် တင်ဆောင်လာသည့် အကူအညီပစ္စည်းများကို သဘာဝဘေးဆိုင်ရာလူသားချင်းစာနာမှုအကူအညီများအတွက် အာဆီယံညှိနှိုင်းရေးဌာန (AHA Centre) တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြပြီး မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ ဆက်လက်ပို့ဆောင်နိုင်ရေး လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၆-၂၀၂၃)
- အာဆီယံနိုင်ငံများမှ လှူဒါန်းသည့် အကူအညီပစ္စည်းများ တန်ချိန်စုစုပေါင်း ၁၃. ၅၉၄ တန် သယ်ဆောင်လာသည့် အင်ဒိုနီးရှားတပ်မတော်မှ လေယာဉ် C-130 လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့။
- အာဆီယံနိုင်ငံများမှ ပေးပို့လှူဒါန်းသည့် အကူအညီပစ္စည်းများကို မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ ဆက်လက်ပို့ဆောင်နိုင်ရေး လွှဲပြောင်းပေးအပ်သွားမည်ဖြစ်။
Add new comment