ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်တွင်း/ပြည်ပခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယ-မြန်မာစီးပွားရေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

    ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်း၏ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဆက်စပ်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဇူလိုင်လ ၂၃ ရက်တွင် ရန်ကုန်မြို့ ၊ ဝင်ဒမ်ဂရန်းရန်ကုန်ဟိုတယ်၌ အသီးသီးတွေ့ဆုံခဲ့ရာ တွေ့ဆုံပွဲများတွင်-

  • ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အကြိုအဖြစ် ရန်ကုန်မြို့၌ “Let’s Go VACS YANGON Travel Fair 2023” အမည်ဖြင့် ခရီးသွားပြပွဲကြီး ကျင်းပမည့်အစီအစဉ်များ၊ ပြခန်းပေါင်း ၁၂၀ ကျော် ပါဝင်ပြသသွားနိုင်ရေးဆောင်ရွက်မည့် အခြေအနေများနှင့် ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့။
  • ရုရှားနိုင်ငံမှ ခရီးသွားစာရေးဆရာများ၊ သတင်းမီဒီယာများ၊ ခရီးသွားလုပ်ငန်းဆောင်ရွက်သူများပါဝင်သော ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်များ (Familiarization-FAM Trip)စီစဉ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ရှိ India Center ၌ အိန္ဒိယ-မြန်မာစီးပွားရေးလုပ်ငန်းရှင်များအသင်း (India Myanmar Chamber of Commerce -IMCC) နာယက၊ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ရာ တွေ့ဆုံပွဲတွင်-

  • နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို အာဆီယံအပေါင်းအိန္ဒိယ၊ ဘင်းမ်စတက်(စ်)နှင့် မဲခေါင်-ဂင်္ဂါခရီးသွားလုပ်ငန်းမူဘောင်အတွင်းက အကောင်အထည်ဖော်လျက်ရှိကြောင်း။
  • ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုများ ဖြေလျှော့ပေးပြီးနောက် ယခုနှစ် မေလအထိဝင်ရောက်မှုအနေဖြင့် ယခင်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၂၄၄ ရာခိုင်နှုန်း ပြန်လည်တိုးတက်လာခဲ့သည်ကို တွေ့ရှိရကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယ-မြန်မာစီးပွားရေးလုပ်ငန်းရှင်များအသင်းအဖွဲ့ဝင်များက ဗီဇာကိစ္စရပ်များ၊ အာမခံနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းဆိုင်ရာကိစ္စရပ်များ၊ မျှော်မှန်းဈေးကွက်အခြေအနေများနှင့် ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၆-၂၀၂၂)

 

  • ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အကြိုအဖြစ် ရန်ကုန်မြို့တွင် “Let’s Go VACS YANGON Travel Fair 2023” အမည်ဖြင့် ခရီးသွားပြပွဲကြီး ကျင်းပသွားမည်ဖြစ်ပြီး ပြခန်းပေါင်း ၁၂၀ ကျော် ပါဝင်ပြသသွားနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်။
  • မြန်မာ-အိန္ဒိယနှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို အာဆီယံအပေါင်း အိန္ဒိယ၊ ဘင်းမ်စတက်(စ်)နှင့် မဲခေါင်-ဂင်္ဂါခရီးသွားလုပ်ငန်းမူဘောင်အတွင်းက အကောင်အထည်ဖော်လျက်ရှိ။

Add new comment