ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဘင်္ဂလားဒေ့ရှ်သံရုံးမှ သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. A. S. M. Sayem အား ဇွန်လ ၂၃ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းကို ဆောလျင်စွာ စတင်နိုင်ရေး၊ နှစ်နိုင်ငံအကျိုးတူကဏ္ဍများအပြင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ တို့တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၆-၂၀၂၃)

 

  • တွေ့ဆုံစဉ် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းကို ဆောလျင်စွာ စတင်နိုင်ရေး၊ နှစ်နိုင်ငံအကျိုးတူကဏ္ဍများအပြင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။

Add new comment