ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအား မှတ်ပုံတင်ခွင့်ပြုလျက်ရှိ

      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသောပါတီ ၅၀ အနက် ပါတီအမှတ် (၁) မှ (၂၇) အထိအား ကြေညာချက်အမှတ် အသီးသီးထုတ်ပြန်၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့် အညီ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဇွန်လ ၂၄ ရက်တွင် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ(ကျားဖြူပါတီ)ကို ပါတီအမှတ်(၂၈)၊ ဒီမိုကရက်တစ်ပါတီကို ပါတီအမှတ် (၂၉)၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီကို ပါတီအမှတ်(၃၀)၊ အမျိုးသမီးပါတီ (မွန်)ကို ပါတီအမှတ်(၃၁)အဖြစ် ထပ်မံခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၆-၂၀၂၃)

 

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြေညာချက်အမှတ် အသီးသီးထုတ်ပြန်၍ နိုင်ငံရေးပါတီများအား မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ နှင့်အညီ နိုင်ငံရေးပါတီ အမှတ် () မှ (၂၇) အထိ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီအမှတ် (၂၈) မှ (၃၁) အထိ ထပ်မံခွင့်ပြုခဲ့။

Add new comment