(၁၈) ကြိမ်မြောက် တရုတ်-အာဆီယံ ယဉ်ကျေးမှုဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုတက်ရောက်

       ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြိုတွင် ဇွန်လ ၁၈  ရက်မှ  ၂၂ ရက်ထိကျင်းပခဲ့သည့် (၁၈) ကြိမ်မြောက် တရုတ် - အာဆီယံယဉ်ကျေးမှု ဖိုရမ် (18th China - ASEAN Culture Forum) သို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ ဇွန်လ ၁၇ ရက်တွင် ထွက်ခွာခဲ့ပါသည်။ ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည်-

  • ဇွန်လ ၁၈ ရက်တွင် နန်နင်းမြို့၊ ချင်ရှုတောင်၊ ကွမ်ရင်မယ်တော်ကျောင်းတိုက်သို့ သွားရောက်၍ လက်ထောက်ကျောင်းတိုက်ဆရာတော်ထံ အလှူငွေများပေးအပ် လှူဒါန်းခြင်းနှင့် နန်နင်းမြို့ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးသို့ သွားရောက်၍ ကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံခြင်းများ ဆောင်ရွက်ခဲ့။
  • ဇွန် ၁၉ ရက်တွင် 18th China-ASEAN Culture Forum သို့တက်ရောက်ခဲ့ပြီး “Building Smart Libraries and Promotion on Reading” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံစာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် ဆောင် ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့။
  • ဇွန် ၂၀ ရက်တွင် No.Wang ခရုခေါက်ဆွဲထုတ်လုပ်မှုစက်ရုံ၊ လျှိုကျိုးစာပေပညာရှင်၏ Liuzhou Shrine ၊ လျှိုကျိုးမြို့ရှိ စက်မှုလုပ်ငန်းပြတိုက်နှင့် Bauhinia Culture Creative Gallery exhibition hall များသို့ သွားရောက်လေ့လာခဲ့။
  • ဇွန်လ ၂၁ ရက်တွင် တရုတ်နိုင်ငံရှိ ရွှေတိဂုံစေတီတော်ပုံတူအားပြင်ဆင်ရန် ကူမင်းမြို့သို့ခေတ္တကြွရောက်လာသော သီတဂူဆရာတော်ကြီးအား ကူမင်းလေဆိပ်ခန်းမဆောင်တွင် ကြိုဆိုဖူးမြော်ခဲ့ပါသည်။

အထက်ပါဖိုရမ်သို့ တက်ရောက်ခဲ့သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် အဖွဲ့ဝင်များသည် ဇွန်လ ၂၃ ရက်တွင် လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၆-၂၀၂၃)

 

  • (၁၈) ကြိမ်မြောက် တရုတ် - အာဆီယံယဉ်ကျေးမှုဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက “Building Smart Libraries and Promotion on Reading” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံစာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့။

Add new comment