Liability of Legal Persons အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်

       မလေးရှားနိုင်ငံ၊ ပူထရာဂျာယာမြို့တွင် ဇွန်လ ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပသည့် ဥပဒေအရလူပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံထားရသော အဖွဲ့အစည်းများ၏တရားဝင်ဥပဒေအရ တာဝန်ရှိမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ (Workshop on Liability of Legal Person)သို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ က အွန်လိုင်းဖြင့် တက်ရောက်ဆွေးနွေးခဲ့ပါသည်-

  • ဇွန်လ ၂၀ ရက်တွင် ကျင်းပသည့် အစည်းအဝေးပထမနေ့တွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)မှ ကျွမ်းကျင်ပညာရှင်နှင့် မလေးရှားနိုင်ငံမှ ကျွမ်းကျင်ပညာရှင်တို့က မလေးရှားနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ဥပဒေကိုပြင်ဆင်သည့် ဥပဒေ(၂၀၁၈)ပုဒ်မ ၁၇ (က) တွင် ဥပဒေအရ လူပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံထားရသောအဖွဲ့အစည်းများ (LLP) နှင့်စပ်လျဉ်း၍ အကျုံးဝင်သည့် အဖွဲ့အစည်းများ၊ နိုင်ငံရပ်ခြား လာဘ်ပေးလာဘ်ယူမှု များ၊ အများပြည်သူ အကျိုးထုတ်ဖော်သတင်းပေးသူများကို အကာအကွယ်ပေးရေးတို့ အပေါ်အကြံပြု ဆွေးနွေးခဲ့။

  • ဇွန်လ ၂၁ ရက်တွင် ကျင်းပသည့် အစည်းအဝေးဒုတိယနေ့တွင် ဥပဒေအရ လူပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံထားရသော အဖွဲ့အစည်းများနှင့်စပ်လျဉ်းသည့် အဖွဲ့ဝင်နိုင်ငံများ၏ ဆောင်ရွက်ချက်များအပေါ် သုံးသပ်ချက်များကို ရှင်းလင်းဆွေး နွေးပြီး အမေရိကန်နိုင်ငံ၊ တရားရေးဝန်ကြီးဌာနမှ Mr. Gerald M. Mood Jr က Foreign Corrupt Practices Act ပါ ပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့။

ဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံအနေဖြင့် ဥပဒေအရ လူပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံထားရသော အဖွဲ့အစည်းများနှင့်စပ်လျဉ်း၍ သီးခြားပြဋ္ဌာန်းချက်မရှိသေးကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် သီးခြား ထည့်သွင်းနိုင်ရေးအတွက် လက်ရှိဥပ‌ဒေကို ပြန်လည်သုံးသပ်ရာတွင် ဖြည့်စွက်နိုင်ကြောင်း၊ မလေးရှားနိုင်ငံ၏ဆောင်ရွက်ချက်များနှင့် ယခုအစည်းအဝေးတွင် ဆွေးနွေးချက်များသည် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် များစွာအထောက် အကူပြုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို ဖိတ်ခေါ် လျက်ရှိပြီး နည်းပညာအကူအညီများကိုလည်း ရယူဆောင်ရွက်လိုကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၆-၂၀၂၃)

 

  • ဥပဒေအရလူပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံထားရသော အဖွဲ့အစည်းများ၏ တရားဝင်ဥပဒေအရ တာဝန်ရှိမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် မလေးရှားနိုင်ငံ၏ဆောင်ရွက်ချက်များနှင့် ဆွေးနွေးချက်များသည် မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် များစွာအထောက်အကူပြုကြောင်း မိမိတို့အနေဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို ဖိတ်ခေါ်လျက်ရှိပြီး နည်းပညာအကူအညီများကိုလည်း ရယူဆောင်ရွက်လိုကြောင်း ဆွေးနွေးခဲ့။

Add new comment