မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား

      မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဇွန်လ ၂၁ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြားရာတွင်-

  • မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO) တို့၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတကာအဆင့်မီသည့် မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်နိုင်ရန် လိုအပ်ပါကြောင်း။
  • အဆိုပါလိုအပ်ချက်နှင့်အညီ ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် မူပိုင်ခွင့်ဥပဒေ(၄)ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်က အာဏာတည်ခဲ့ပြီး အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို တရားဝင်လက်ခံ ၍ ဧပြီ ၂၆ ရက်မှစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း။
  • မူပိုင်ခွင့်ဥပဒေ ၄ ရပ်အနက် ဆက်လက်ဆောင်ရွက်ရမည့် စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို အာဏာတည်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းလို ကြောင်း။
  • မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့တို့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကုန်သွယ်ရေးနှင့်စပ်လျဉ်းသည့် မူပိုင်ခွင့်ဆိုင်ရာစာချုပ်ကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မူပိုင်ခွင့် ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကိုလည်း ပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။
  • ဒေသတွင်းနိုင်ငံများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်စည်စီးဆင်းမှုများတိုးတက်စေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူပြုနိုင်သည့် မူပိုင်ခွင့်စနစ်များကို မိမိတို့ထက် ဆောလျင်စွာ ဖော်ဆောင်ကျင့်သုံးနေကြပြီဖြစ်သည့် အတွက် မြန်မာနိုင်ငံအနေဖြင့်လည်း အခြားသောအဖွဲ့ဝင်နိုင်ငံများနှင့် တန်းတူရင်ပေါင်တန်း ဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်းလိုကြောင်း ပြောကြားခဲ့။

ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံအနေဖြင့် မူပိုင်ခွင့်နှင့်ပတ်သက်၍ အနာဂတ်ကာလတွင် နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်ရန် ဆောင်ရွက်နိုင်ရေးအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါ သည်။ ထို့နောက်မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ (၁/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်(မူကြမ်း)ကို အတည်ပြုခဲ့ပြီး ဗဟိုကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ကော်မတီဝင်ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၆-၂၀၂၃)

 

  • မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO) တို့၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတကာအဆင့်မီသည့် မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်နိုင်ရန်လို။
  • ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် မူပိုင်ခွင့်ဥပဒေ()ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ရက်က အာဏာတည်ခဲ့ပြီး အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို တရားဝင်လက်ခံ၍ ဧပြီ ၂၆ ရက်မှ စတင်ဆောင်ရွက်နေပြီဖြစ်။

Add new comment