နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

မြန်မာ-တရုတ် နယ်စပ်မြို့များတွင် ကိုဗစ်-၁၉ စင်တာများ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၁၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားရာ-

  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးသည် မြန်မာ-တရုတ် နယ်စပ်ကုန်စည်  ကူးသန်းရောင်းဝယ်ရေးကို အကျိုးသက်ရောက်မှုရှိကြောင်း။
  • တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံအပေါ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး၌ အကူအညီပေးထားသည်များရှိသကဲ့သို့ ဆက်လက်၍ အကူအညီပေးလိုသည့်ကိစ္စရပ်များလည်းရှိကြောင်း။
  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံကုန်စည် ကူးသန်းရောင်းဝယ်မှုဆိုင်ရာကိစ္စရပ်များတွင် အဟန့်အတားရှိနေသည်ကို သိရှိရကြောင်း။
  • မိမိတို့နိုင်ငံ၏ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ပူးပေါင်းဆောင် ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အသိပေးထားရှိပြီးဖြစ်ကြောင်း။
  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ထိန်းချုပ်မှုများကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နိုင်သကဲ့သို့ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင် သည့် မလိုလားအပ်သောဆိုးကျိုးများလည်း လျော့နည်းသွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးသည် မြန်မာ-တရုတ် နယ်စပ်ကုန်စည် ကူးသန်းရောင်းဝယ်ရေးကို အကျိုးသက်ရောက်မှုရှိ။
  • တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံအပေါ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး၌ အကူအညီပေးထားသည်များရှိသကဲ့သို့ ဆက်လက်၍ အကူအညီပေးလိုသည့်ကိစ္စရပ်များလည်းရှိ။
  • မိမိတို့နိုင်ငံ၏ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ပူးပေါင်းဆောင် ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အသိပေးထားရှိပြီးဖြစ်ကြောင်း။
  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ထိန်းချုပ်မှုများကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နိုင်သကဲ့သို့ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင် သည့် မလိုလားအပ်သောဆိုးကျိုးများလည်း လျော့နည်းသွားနိုင်မည်ဖြစ်။

Add new comment