(၁၂)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတက်ရောက်

        (၁၂) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး၊ အာဆီယံအပေါင်း (၃) လူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဇွန်လ ၂၁ ရက်တွင် ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများက  Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးများတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဆွေးနွေးပြောကြားရာတွင်-

  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လူမှုရေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်း ၈၇ ဦး၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားခဲ့ကြရသည့် အသက်(၁၈)နှစ်အောက် အမျိုးသမီးငယ် ၂၄၀ နှင့် ကလေးငယ် ၂၅၀ တို့အား စိတ်ပိုင်းဆိုင်ရာလူမှုရေးရာပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း။

  • ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများကို စိတ်လူမှုရေးဆိုင်ရာပံ့ပိုးကူညီမှုများ ပေးအပ်နိုင်ရေးအတွက် ပညာရှင်များနှင့် လူမှုဝန်ထမ်းကူညီကယ်ဆယ်ရေးလုပ်သားများကို စေလွှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။

  • ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၁၃) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၉) ကြိမ်မြောက် အာဆီယံအပေါင်း (၃) လူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးကို အောက်တိုဘာလ (သို့မဟုတ်) နိုဝင်ဘာလတွင် နေပြည်တော်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ယင်းနောက် အထက်ပါအစည်းအဝေးတွင် ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် မလေးရှားနိုင်ငံနှင့် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံတို့မှ (၁၃) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၉) ကြိမ်မြောက် အာဆီယံ အပေါင်း (၃) လူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးတို့ကို ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အား တရားဝင်တာဝန်လွှဲပြောင်းပေးအပ်ကြောင်းကြေညာပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၆-၂၀၂၃)

 

  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လူမှုရေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်း ၈၇ ဦး၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားခဲ့ကြရသည့် အသက် (၁၈) နှစ်အောက် အမျိုးသမီးငယ် ၂၄၀ နှင့် ကလေးငယ် ၂၅၀ တို့အား စိတ်ပိုင်းဆိုင်ရာ လူမှုရေးရာပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်။

  • (၁၃) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် () ကြိမ်မြောက် အာဆီယံအပေါင်း () လူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးများကို ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည်ဖြစ်။

Add new comment