နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၃) သို့ တက်ရောက်

     အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၃)ကို ဇွန်လ ၂၁ ရက်တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တက်ရောက်အမှာစကားပြောကြားခဲ့ရာ-

  • လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်လာနိုင်ပြီဖြစ်သည့်အပြင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း။
  • ၂၀၂၂ ခုနှစ်၊ ဧပြီလမှစ၍ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ပြီး နိုင်ငံခြားသားများ ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း။
  • နိုင်ငံတကာတွင် လုပ်ဆောင်နေသည့် ခရီးသွားလုပ်ငန်းပြပွဲများသို့ သွားရောက်၍ မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး နိုင်ငံတကာက သိရှိစေရန် ဆောင်ရွက်ပေးရမည့်အပြင် နိုင်ငံတကာဈေးကွက်ရှာဖွေပေးသည့် အေဂျင်စီများ ဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာတတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၆-၂၀၂၃)

 

  • လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်လာနိုင်ပြီဖြစ်သည့်အပြင်ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ။
  • နိုင်ငံတကာတွင် လုပ်ဆောင်နေသည့် ခရီးသွားလုပ်ငန်းပြပွဲများသို့ သွားရောက်၍ မိမိတို့နိုင်ငံ၏ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး နိုင်ငံတကာကသိရှိစေရန် ဆောင်ရွက်ပေးရမည့်အပြင် နိုင်ငံတကာဈေးကွက်ရှာဖွေပေးသည့် အေဂျင်စီများ ဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်။

Add new comment