၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်တွင် အကြမ်းဖက်သမား (စိစစ်ဆဲ) ကျား ၃ ဦးမှ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ) ရပ်ကွက်၊ မေဒါဝီလမ်းရှိ “မြတ်မောင်” စိန်ရွှေရတနာဆိုင်မှ ဧည့်ကြိုဝန်ထမ်း ၂ ဦးအား သေနတ်ဖြင့် ခြိမ်းခြောက်၍ ရွှေဆိုင်ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ (ကာလတန်ဖိုး ငွေကျပ်သိန်း ၁၆,၆၀၀ ခန့်) တို့အား သေနတ်ပြခြိမ်းခြောက်ဓားပြတိုက်လုယက် ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။
တရားမျှတမှုကိုလိုလားပြီး အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ မျက်မြင်သတင်းပေးပို့ချက်များနှင့် မြေပြင်သတင်းစုံစမ်းရရှိချက်များအရ ဇွန်လ ၁၈ ရက်တွင် ဓားပြတိုက်လုယက်သူများသည် ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရားအနောက် ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းရှိ “အကယ်ဒမီ” ဟိုတယ်၌ ရောက်ရှိခိုအောင်းနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ တရားခံ ကိုကိုအောင်၊ ၎င်းနှင့်တရားမဝင် ပေါင်းသင်းနေသူ ပပလှိုင်တို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိတရားခံ ကိုကိုအောင်၏ ထွက်ဆိုချက်အရ-
-
ရွှေဆိုင်ဓားပြတိုက်ရာတွင်ပါဝင်ခဲ့သော တရားခံများဖြစ်သည့် ကောင်းထက်စံ (ခ) တရုတ်ကြီး၊ ကျော်ဇင်လတ်၊ ကောင်းမြတ် (ခ) Blank၊ ဖြိုးကိုကိုနှင့် ကျော်ဇင်ဝေတို့အား M4A1 သေနတ် ၂ လက်၊ Sig Sauer ပစ္စတို ၂ လက်၊ ကျည်အိမ် မျိုးစုံ ၈ ခု၊ 91 လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၃၄၀ တောင့်၊ 9 MM Luger ကျည် ၂၁၀ တောင့်၊ ဓားပြတိုက်လုယက်ရာမှ ယူဆောင်သွားခဲ့သော ရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့။
-
ရွှေဆိုင်ဓားပြတိုက်ရာတွင် ပါဝင်ခဲ့သော တရားခံများဖြစ်သည့် စောဂျိုးဇက် (ခ) ချိုတိုးနှင့် ထွန်းထွန်းနိုင်တို့အား M-16 ၁ လက်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့။
ဖြစ်စဉ်တွင် တရားခံ ကျား ၈ ဦး၊ မ ၁ ဦး၊ ပေါင်း ၉ ဦးတို့အား M-4A1 သေနတ် ၂ လက်၊ M-16 ၁ လက်၊ Sig Sauer ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၈ ခု၊ 91 လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၃၄၀ တောင့်၊ 9MM Luger ကျည် ၂၁၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများအား ဖြစ်စဉ်ဖြစ်ပွားပြီး ၅ နာရီအတွင်း အကြမ်းဖက်မှုကိုမလိုလားသည့် တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နေ့/ညမပြတ် အရှိန်အဟုန် မြှင့်စစ်ဆေးရှာဖွေမှုများကြောင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။
ထပ်မံ၍ ဖမ်းဆီးရမိသူများ၏ စစ်ဆေးဖော်ထုတ်ချက်အရ-
-
တရားခံ ဖြိုးကိုကို၊ ကိုကိုအောင်၊ ကောင်းမြတ်၊ ကျော်ဇင်ဝေနှင့် ကောင်းထက်စံတို့ ၅ ဦးသည် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများအား အသီးသီးတက်ရောက်ခဲ့ပြီး တွံတေးမြို့ပြပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့အား ရန်ကုန် မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်၊ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ရန်အတွက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဖမ်းဆီးရန်ကျန် တရားခံ ဆံရှည် (ခ) ကိုထက်နှင့် ချမ်းမြေ့အောင်တို့မှ ခေါင်းဆောင်၍ ကိုကို အောင်၊ ဖြိုးကိုကို၊ ကောင်းမြတ်၊ ကျော်ဇင်ဝေ၊ ကျော်ဇင်လတ်၊ ကောင်းထက်စံအပါအဝင် ၂၅ ဦးဖြင့် ဖွဲ့စည်းခဲ့။
-
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တွံ့တေးမြို့နယ်နှင့် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန်၊ ဓားပြတိုက်လုယက်မှုများပြုလုပ်ရန်အတွက် M4A1 သေနတ် ၂ လက်၊ M-16 သေနတ် ၁ လက်၊ Sig Sauer ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၈ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၃၄၀ တောင့်၊ ၉ မမ Luger ကျည် ၃၀၀ တောင့်တို့အား ဖမ်းဆီးရန်ကျန် တရားခံ ဆံရှည် (ခ) ကိုထက်၏ ချိတ်ဆက်ပေးမှုဖြင့် ဖြိုးကိုကိုမှ တွံ့တေးမြို့နယ်၊ ညောင်တံခါးကျေးရွာအနီးတွင် ဖမ်းဆီးရန်ကျန်တရားခံ ချမ်းမြေ့ထံမှ ၂ ကြိမ်ခွဲ၍ သွားရောက်ယူဆောင်ခဲ့။
ဖမ်းဆီးရန်ကျန်တရားခံ တွံတေးမြို့ပြပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဆံရှည် (ခ) ကိုထက်နှင့် ချမ်းမြေ့အောင်တို့၏ ခိုင်းစေမှုဖြင့် တွံ့တေးမြို့ နယ်နှင့် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှု (၁၀)ကြိမ်၊ ဓားပြတိုက် လုယက်မှု(၃)ကြိမ်တို့ ဆောင်ရွက်ခဲ့ရာ-
-
၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်တွင် ဖြိုးကိုကိုသည် တွံတေးမြို့နယ်၊ တလုတ်ထော်အောက်ကျင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဦးနှင့် ဇနီးဖြစ်သူတို့အား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကိုကိုအောင်မှ အခြေအနေကြည့်ရှုပေးခဲ့။
-
မတ်လ ၁၀ ရက်တွင် ဖြိုးကိုကိုနှင့် ကိုကိုအောင်တို့ ၂ ဦးသည် တွံတေးမြို့နယ်၊ ရွှေဆံတော်ရပ်ကွက်၊ ရာအိမ်မှူး ဦးကြည်လေးအားလည်းကောင်း၊ မတ်လ ၁၃ ရက်တွင် တွံတေးမြို့နယ်၊ ကျိုက်ထော်-ကညင်ငူကားလမ်းတွင် အပြစ်မဲ့ပြည်သူ ဒေါ်ခင်မိုးသူအားလည်းကောင်း ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကောင်းမြတ်မှ အခြေအနေကြည့်ရှုပေးခဲ့။
-
ဩဂုတ်လ ၁ ရက်တွင် ဖြိုးကိုကိုသည် တွံတေးမြို့နယ်၊ ဘီခိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကိုကိုအောင်နှင့် ကောင်းမြတ်တို့ ၂ ဦးမှ အခြေအနေကြည့်ရှုပေးခဲ့။
-
ဩဂုတ်လ ၂၂ ရက်တွင် ဖြိုးကိုကို၊ ကောင်းမြတ်နှင့် ကိုကိုအောင် တို့ ၃ ဦးသည် တွံတေးမြို့နယ်၊ မြကန်သာကျေးရွာလမ်းဆုံ၌ ဇီးဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ညွှန့်အပါ ၆ ဦးအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ရာတွင် ကျော်ဇင်ဝေ၊ ကျော်ဇင်လတ် နှင့် ကောင်းထက်စံတို့ ၃ ဦးမှ အခြေအနေ ကြည့်ရှုပေးခဲ့။
-
အောက်တိုဘာလ ၈ ရက်တွင် ဖြိုးကိုကိုနှင့် ကောင်းမြတ်တို့ ၂ ဦးသည် တွံတေး မြို့နယ်၊ မယ်ပြေကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးထွန်းထွန်းနှင့် ဇနီးဖြစ်သူတို့အား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကိုကိုအောင်မှ အခြေအနေ ကြည့်ရှုပေးခဲ့။
-
နိုဝင်ဘာလ ၅ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင် နှင့် ကောင်းမြတ်တို့ ၃ ဦးသည် တွံတေးမြို့နယ်၊ သမ္ဗာန်ဆိပ်ကျေးရွာတွင် အပြစ်မဲ့ပြည်သူ ဉီးသိန်းဇော်အပါ ၅ ဦးအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကျော်ဇင် ဝေ၊ ကျော်ဇင်လတ်နှင့် ကောင်းထက်စံတို့ ၃ ဦးမှ အခြေအနေကြည့်ရှုပေးခဲ့။
-
နိုဝင်ဘာလ ၆ ရက်တွင် ဖြိုးကိုကိုနှင့် ကိုကိုအောင်တို့ ၂ ဦးသည် တွံတေးမြို့ နယ်၊ လာကပုံကျေးရွာတွင် အပြစ်မဲ့ပြည်သူ ဦးတိုးမင်းထိုက်နှင့် ဇနီးဖြစ်သူတို့ အား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကောင်းမြတ်မှ အခြေအနေ ကြည့်ရှုပေးခဲ့။
-
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင်နှင့် ကောင်းမြတ် တို့ ၃ ဦးသည် တွံတေးမြို့နယ်၊ ကပင်ကြီးကျေးရွာရှိ အပြစ်မဲ့ပြည်သူ မစန်းပပအောင်၏နေအိမ်အား ဓားပြတိုက်လုယက်၍ သတ်ဖြတ်မှုကျူးလွန်ရာတွင် ကျော်ဇင်ဝေ၊ ကျော်ဇင်လတ်နှင့် ကောင်းထက်စံတို့ ၃ ဦးမှ အခြေအနေကြည့်ရှု ပေးခဲ့။
-
မတ်လ ၄ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင်နှင့် ကောင်းမြတ်တို့ ၃ ဦးသည် တွံတေးမြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် ရာအိမ်မှူး ဦးသန်းလွင်တို့ ၂ ဦးအား ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကောင်းထက်စံမှ အခြေအနေကြည့်ရှုပေးခဲ့။
-
ဧပြီလ ၁၀ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင်နှင့် ကောင်းမြတ်တို့ ၃ ဦးသည် တွံတေးမြို့နယ်၊ မယ်ပြေကျေးရွာရှိ ဦးထွန်းထွန်းဦး၏နေအိမ်အား သေနတ်ပြခြိမ်းခြောက်၍ ဓားပြတိုက်လုယက်ရာတွင် ကျော်ဇင်ဝေ၊ ကျော်ဇင်လတ်နှင့် ကောင်းထက်စံတို့ ၃ ဦးမှ အခြေအနေကြည့်ရှုပေးခဲ့။
-
ဇွန်လ ၁၈ ရက်တွင် ဖြိုးကိုကို၊ ကိုကိုအောင်နှင့် ကောင်းမြတ်တို့ ၃ ဦးသည် မြောက်ဥက္ကလာပမြို့နယ်ရှိ “မြတ်မောင်” စိန်ရွှေရတနာဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ဓားပြတိုက်လုယက်ရာတွင် ကောင်းထက်စံ၊ ကျော်ဇင်လတ်နှင့် ကျော်ဇင်ဝေတို့ ၃ ဦးမှ အခြေအနေကြည့်ရှုပေးခဲ့။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ၎င်းတို့နှင့်ထိုက်တန်သည့် ပြစ်ဒဏ်များအား ဥပဒေအတိုင်း ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၆-၂၀၂၃)
-
မြောက်ဥက္ကလာပမြို့နယ်ရှိ “မြတ်မောင်” စိန်ရွှေရတနာဆိုင်အား ဓားပြတိုက်လုယက်ခဲ့သည့် တရားခံ ကျား ၈ ဦး၊ မ ၁ ဦး၊ ပေါင်း ၉ ဦးတို့အား M-4A1 သေနတ် ၂ လက်၊ M-16 ၁ လက်၊ Sig Sauer ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၈ ခု၊ 91 လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၃၄၀ တောင့်၊ 9MM Luger ကျည် ၂၁၀ တောင့်တို့နှင့်အတူ ရွှေထည်ပစ္စည်းများအား ဖြစ်စဉ်ဖြစ်ပွားပြီး ၅ နာရီအတွင်း ဖမ်းဆီးရမိခဲ့။
-
“မြတ်မောင်”စိန်ရွှေရတနာဆိုင်အား ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်မှတစ်ဆင့် တွံ့တေးမြို့နယ်နှင့် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှု (၁၀) ကြိမ်၊ ဓားပြတိုက်လုယက်မှု (၃) ကြိမ် ဆောင်ရွက်ခဲ့သည့် တွံတေးမြို့ပြပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား ထပ်မံ၍ ဖော်ထုတ်ဖမ်းဆီးရမိခဲ့။
Add new comment