ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရမှုအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်

       ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တပ်မတော်မှ ကြိုတင်စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

  • ဇွန်လ ၁၄ ရက်မှ ၂၀ ရက်အထိ ကျောက်ဖြူမြို့သို့ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ သံတွဲမြို့သို့ရောက်ရှိနေသော ဗိုလ်ချုပ်စိုးနိုင်ဦး၊ ရသေ့တောင်မြို့သို့ ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်း၊ မောင်တောမြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်တင်ဆွေ၊ မြေပုံမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်စိုး၊ ကျောက်တော်မြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူဦး၊ ချင်းပြည်နယ်၊ မတူပီမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ်ခင်မောင်အေး၊ ပလက်ဝမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ်နေဝင်းအောင်တို့သည် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ ရပ်ကွက်များနှင့် စာသင်ကျောင်းများ၌ အမှိုက်များနှင့် သစ်ပင်ချုံနွယ်များရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများတူးဖော်ခြင်း ဆောင်ရွက်ပေးနေမှု၊ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များမှ လှူဒါန်းသည့် ကယ်ဆယ်ရေးပစ္စည်းများအား ဖွင့်ဖောက်စစ်ဆေးမှု တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘုန်းတော်ကြီးကျောင်းများသို့ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများနှင့် အလှူငွေများ၊ စာသင်ကျောင်းများပြန်လည်ပြုပြင်နိုင်ရန်အတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့လှူဒါန်းခဲ့။
  • ဇွန်လ ၁၄ ရက်မှ ၂၀ ရက်အထိ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များသို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးခြင်း၊ သောက်သုံးရေပေးဝေခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် လမ်းဘေးဝဲ/ယာ၌ လဲကျနေသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်တိုင်များ ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်ခဲ့။
  • ဇွန်လ ၁၇ ရက်မှ ၂၀ ရက်အထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့သည် စစ်တွေတက္ကသိုလ်၌ ကူညီကယ်ဆယ်ရေးအဖွဲ့များက ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်း၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ တင်ချနေမှု၊ နည်းပညာတက္ကသိုလ်(စစ်တွေ) ၌ လျှပ်စစ်ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်နေမှု၊ ကြက်ကိုင်းတန်ကျေးရွာ၊ ဓမ္မာရုံ၌ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှု၊ မုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၊ ဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာများ ပြင်ဆင်နေမှု တို့ကို ကြည့်ရှုအားပေးခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများ ဘက်စုံပြန်လည်ပြုပြင်မွမ်းမံခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မွေးမြူရေးလုပ်ငန်းများနှင့် ရေလုပ်ငန်း များပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်ခဲ့။
  • လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်း-ကျောက်တော် ၆၆ ကေဗွီ ဓာတ်အားလိုင်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးဖြစ်သဖြင့် ဇွန်လ ၁၈ ရက်မှစတင်၍ ကျောက်တော်မြို့ပေါ်ရှိ မဟာမုနိဘုရားကြီးအပါအဝင် မြို့ပေါ်ရပ်ကွက်များသို့ ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့။
  • ဇွန်လ ၁၉ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းဦးဆောင်၍ ကျန်းမာရေးဝန်ကြီးဌာန Central Command Center ၌ ရခိုင်ပြည်နယ်၌ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများ၊ အဆောက် အအုံပြင်ဆင်ရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့။

ထိုသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက ပြန်လည်ထူထောင်ရေး ပူးပေါင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁ -၆-၂၀၂၃)

 

 
   
  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ။

Add new comment