မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့အား အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့ကန့်သတ်မှုစာရင်းတွင် ထည့်မည်ဟု ထင်မြင်ယူဆချက်အမျိုးမျိုးထွက်ပေါ်နေမှုသတင်းများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးက

       အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို စီးပွားရေးပိတ်ဆို့ကန့်သတ်မှုစာရင်းတွင် ထည့်မည်ဟု ထင်မြင်ချက် အမျိုးမျိုးထွက်ပေါ်နေမှု သတင်းများ နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ဖြေကြားချက် ကောက်နုတ်ချက်များမှာ-

  • အမေရိကန်နိုင်ငံအနေဖြင့် ယခင်ကတည်းက မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်စီးပွားရေးပိတ်ဆို့မှုများ ဆောင်ရွက်လျက်ရှိကြောင်း။

  • မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နှင့် မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)များအား စီးပွားရေးပိတ်ဆို့ကန့်သတ်မှုစာရင်းသွင်းမည်ဆိုသည့်သတင်းသည် ထိုင်း TVS သတင်းဌာနမှ ထွက်ပေါ်လာခဲ့ကြောင်း။

  • မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တို့သည် နိုင်ငံခြားဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ယခင်ကတည်းက စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး ဘဏ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးလျက်ရှိကြောင်း။

  • အဆိုပါဘဏ်များအနေဖြင့် အမေရိကန်အခြေစိုက်ဘဏ်များ၊ ဘဏ်ခွဲများတွင် နိုင်ငံခြားငွေစာရင်းဖွင့်ဆောင်ရွက်နေခြင်း မရှိသောကြောင့် ငွေကြေးဆုံးရှုံးမှု မရှိနိုင်ဘဲ နိုင်ငံခြားငွေနှင့် ကုန်သွယ်ငွေပေးချေမှုဝန်ဆောင်မှုများကို စနစ်တကျ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

  • မိမိတို့နိုင်ငံတွင် နိုင်ငံခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဘဏ်တစ်ဘဏ်ထဲမှ ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ပြည်တွင်းပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်များနှင့် ဘဏ်ခွဲများမှလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။

  • နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့က သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံခြားငွေလွှဲပြောင်းခြင်း၊ ပေးပို့ခြင်း၊ လက်ခံခြင်းကိစ္စရပ်များ၊ ပို့ကုန်သွင်းကုန်ကိစ္စရပ်များ၊ အလုပ်သမား၊ သင်္ဘောသားလုပ်ခလစာလွှဲပို့ခြင်းကိစ္စရပ်များကို အဆင်ပြေစေရန် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

  • မိမိတို့နိုင်ငံသည် လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ကို ကျင့်သုံးလျက်ရှိကြောင်း။

အမေရိကန်ပြည်ထောင်စုအနေဖြင့် ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် စီးပွားရေးအရ၊ နိုင်ငံရေးအရ အကျပ်အတည်းဖြစ်အောင် လုပ်ဆောင်နေခြင်းဖြစ်ပြီး မိမိတို့ နိုင်ငံသူနိုင်ငံသားများ လိုလားနေသည့် ပါတီစုံဒီမိုကရေစီစနစ်လျှောက်လှမ်းသည့်နေရာတွင် မလိုလားအပ်သည့် နှောင့်နှေးကြံ့ကြာမှုများ ဖြစ်စေနိုင်ကြောင်း ဖြေကြားခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၆-၂၀၂၃)

 

  • မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နှင့် မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)များအား စီးပွားရေးပိတ်ဆို့ကန့်သတ်မှုစာရင်းသွင်းမည်ဆိုသည့်သတင်းသည် ထိုင်း TVS သတင်းဌာနမှ ထွက်ပေါ်လာခဲ့

  • မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တို့သည် နိုင်ငံခြားဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ယခင်ကတည်းက စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး ဘဏ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ မှန်မှန်ကန်ကန်ဆောင်ရွက်ပေးလျက်ရှိ။

  • အဆိုပါဘဏ်များအနေဖြင့် အမေရိကန်အခြေစိုက်ဘဏ်များ၊ ဘဏ်ခွဲများတွင် နိုင်ငံခြားငွေစာရင်းဖွင့်ဆောင်ရွက်နေခြင်း မရှိသောကြောင့် ငွေကြေးဆုံးရှုံးမှု မရှိနိုင်ဘဲ နိုင်ငံခြားငွေနှင့် ကုန်သွယ်ငွေပေးချေမှု ဝန်ဆောင်မှုများကို စနစ်တကျ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်။

  • မိမိတို့နိုင်ငံသည် လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ကို ကျင့်သုံးလျက်ရှိ။

  • အမေရိကန်ပြည်ထောင်စုအနေဖြင့် ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် စီးပွားရေးအရ၊ နိုင်ငံရေးအရအကျပ်အတည်းဖြစ်အောင် လုပ်ဆောင်နေခြင်းဖြစ်ပြီး မိမိတို့နိုင်ငံသူနိုင်ငံသားများ လိုလားနေသည့် ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်း သည့်နေရာတွင် မလိုလားအပ်သည့် နှောင့်နှေးကြံ့ကြာမှုများ ဖြစ်စေနိုင်။

Add new comment