ဩရကုမ္ပဏီမှ Fuso အမျိုးအစား ၁၂ ဘီးမော်တော်ယာဉ် ၁ စီးသည် ရေးမြို့သို့ လည်းကောင်း၊ ချစ်လင်းမြိုင်ကုမ္ပဏီမှ Fuso အမျိုးအစား ၁၀ ဘီးမော်တော်ယာဉ် ၁ စီးသည် မော်လမြိုင်မြို့သို့လည်းကောင်း ထင်းအစားထိုး လောင်စာဆီအဖြစ်အသုံးပြုသည့် ရေနံဓာတ်ငွေ့ရည်(LP Gas)များ သယ်ဆောင်၍ ဇန်နဝါရီလ ၁၆ ရက်တွင် မြဝတီမြို့မှ ထွက်ခွာလာစဉ် မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးအနီး အပြင်ကွင်းကလေးကျေးရွာ၏ အနောက်ဘက်မီတာ ၂၅၀၀ ခန့်အကွာသို့အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ရာ ယာဉ်မောင်းများဖြစ်ကြသည့် ဦးမင်းမင်းတွင် မီးလောင်ဒဏ်ရာများဖြင့်လည်းကောင်း၊ ဦးခင်မောင်သန်းတွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများဖြင့်လည်းကောင်း သေဆုံးခဲ့ပြီး မော်တော်ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ကာ ကျန်မော်တော် ယာဉ်တစ်စီးမှာ လက်နက်ငယ်ကျည်ထိမှန် ပျက်စီးခဲ့ပါသည်။
စက်မှုသုံး Gas အရည်များ၊ LP Gas အရည်များ၊ ကျန်းမာရေးသုံး အောက်ဆီဂျင် များ သယ်ဆောင်လာသည့်မော်တော်ယာဉ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပါ်လျက်ရှိပြီး ၎င်းအကြမ်းဖက်လက်နက်ကိုင်အဖွဲ့များကို အမြန်ဆုံးဖမ်းဆီးရမိရေးနှင့် ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ရန် လိုလားလျက်ရှိပါသည်။
အဆိုပါဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ကာ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးငြှိမ်းသတ်ခြင်းဆောင်ရွက်ခဲ့ကြောင်းနှင့် အကြမ်းဖက်လုပ်ရပ်များကိုကျူးလွန်ခဲ့သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
- မြဝတီမြို့မှ ထင်းအစားထိုး လောင်စာဆီအဖြစ်အသုံးပြုသည့် ရေနံဓာတ်ငွေ့ရည် (LP Gas) များသယ်ဆောင်လာသည့် မော်တော်ယာဉ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ရာ ယာဉ်မောင်း ၂ ဦး သေဆုံးခဲ့ပြီး မော်တော်ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ကာ ကျန်မော်တော်ယာဉ်တစ်စီးမှာ လက်နက်ငယ်ကျည်ထိမှန်ပျက်စီးခဲ့။
Add new comment