ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေး

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များသည် မှတ်ပုံတင်ခွင့်ရရှိပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများကို တွေ့ဆုံ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

  • ဇွန်လ ၁၉ ရက်တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ပါတီဌာနချုပ်၌ တွေ့ဆုံ၍ မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ထားသော ပါတီဝင်အင်အား ၁၀၀,၀၀၀ ပြည့်မီရေး၊ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်၌ ပါတီရုံးခန်းဖွင့်လှစ်ရန် မှာကြားခဲ့။
  • ဇွန်လ ၁၉ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ (KKDUP)နှင့် လောက်ကိုင်မြို့ ၌ ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီတို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို လားရှိုးမြို့၊ နယ်မြေခံတပ်ဧည့်ရိပ်သာ၌တွေ့ဆုံ၍ သတ်မှတ်ကာလအတွင်းစုဆောင်းရမည့် ပါတီဝင်အင်အားနှင့် ဖွင့်လှစ်ရမည့် ပါတီရုံးခန်းများကို အချိန်မီပြီးစီးအောင် စနစ်တကျဆောင်ရွက်ရေး မှာကြားခဲ့။
  • ဇွန်လ ၂၀ ရက်တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ [Democratic Party of National Politics (DNP)] ဌာနချုပ်မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ပါတီဌာနချုပ်၌ တွေ့ဆုံ၍ ပါတီ မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ထားသော ပါတီဝင်အင်အား ၁ဝဝ,ဝဝဝ ပြည့်မီရေး၊ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံးထက်ဝက်၌ ပါတီရုံးခန်းဖွင့်လှစ်ရန် မှာကြားခဲ့။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အစည်းအဝေးခန်းမ၊ ဥက္ကဋ္ဌရုံးခန်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ ရုံးခန်းများ၊ စာကြည့်တိုက်၊ ပါတီဝင်အင်အားစာရင်းများထားရှိသည့် မှတ်တမ်းဌာနနှင့် သင်တန်းခန်းမတို့အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါ သည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၆-၂၀၂၃)

 

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များသည် မှတ်ပုံတင်ခွင့်ရရှိပြီးဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ (KKDUP) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသား နိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)တို့မှ တာဝန်ရှိသူများကို တွေ့ဆုံ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့။

Add new comment