နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-
-
ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၉ ရက်အထိ နှစ်လကျော်ကာလအတွင်း ပင်လယ်ရေကြောင်းမှ ၃၁၁,၉၃၇ ဒသမ ၄၅၅ တန်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ၃၃,၀၅၄ ဒသမ ၆၉၂ တန် တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၆၈ ဒသမ ၄၄၂ သန်း ရရှိခဲ့။
-
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်မှ ဇွန်လ ၉ ရက်အထိ ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၆၀၉ ဒသမ ၁၁၅ သန်း ရရှိပြီး ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၉၄၃ ဒသမ ၄၇၃ သန်းရရှိသည့်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁,၅၅၂ ဒသမ ၅၈၈ သန်းရရှိခဲ့။
ပြည်ပပို့ကုန်တွင် စက်မှုကုန်ချောဖြစ်သော ချုပ်ပြီးအထည်တင်ပို့မှုသည် ပထမနေရာတွင်ရှိနေပြီး သကြား၊ လက်ဝတ်ရတနာနှင့် သဘာဝဓာတ်ငွေ့ စသည့်ပစ္စည်းများလည်း တင်ပို့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၆-၂၀၂၃)
-
ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ဧပြီလ ၁ ရက်မှ ဇွန်လ ၉ ရက်အထိ ပင်လယ်ရေကြောင်းမှ ၃၁၁,၉၃၇ ဒသမ ၄၅၅ တန်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ၃၃,၀၅၄ ဒသမ ၆၉၂ တန်တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၆၈ ဒသမ ၄၄၂ သန်း ရရှိခဲ့။
-
ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် ဧပြီလ ၁ ရက်မှ ဇွန်လ ၉ ရက်အထိ နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၆၀၉ ဒသမ ၁၁၅ သန်းရရှိပြီး ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၉၄၃ ဒသမ ၄၇၃ သန်းရရှိသည့်အတွက် စုစုပေါင်းအမေရိကန် ဒေါ်လာ ၁,၅၅၂ ဒသမ ၅၈၈ သန်းရရှိခဲ့။
Add new comment