ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာ့ကိုယ်စားလှယ်အဖွဲ့ မြန်မာအရေးကိစ္စနှင့်ပတ်သက်သည့် အလွတ်သဘောဆွေးနွေးပွဲသို့တက်ရောက်

     ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း၏ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၌ ပြုလုပ်ခဲ့သည့် မြန်မာအရေးကိစ္စနှင့်ပတ်သက်သည့် အလွတ်သဘောဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပါသည်။

အဆိုပါအလွတ်သဘောဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ အထူးကိုယ်စားလှယ်၊ သံ အမတ်ကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

 ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံက အာဆီယံ၏တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်မှု၊ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု၊ ဒီမိုကရေစီပြန်လည်ထူထောင်ရေးကိစ္စများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက မြန်မာအရေးကိစ္စနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၆-၂၀၂၃)

 

  • ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံက အာဆီယံ၏တူညီဆန္ဒ()ချက် အကောင်အထည်ဖော်မှု၊ နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှု၊ ဒီမိုကရေစီပြန်လည်ထူထောင်ရေးကိစ္စများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်()ရပ်နှင့် အညီ ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့။

Add new comment