နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်ဖြူမြို့နယ်တို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအား သီးခြားစီတွေ့ဆုံ

     စစ်တွေမြို့သို့ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍ ဇွန်လ ၁၄ ၊ ၁၅ နှင့် ၁၆ ရက်တို့တွင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်ဖြူမြို့နယ်များသို့ သွားရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမများ၌ ဌာနဆိုင်ရာများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား သီးခြားစီတွေ့ဆုံ အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်ဖြူမြို့နယ်တို့မှ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကြီးကြပ်ရန်တာဝန်ပေးအပ်ထားသည့် အရာရှိကြီးများက မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပြန်လည်ထူထောင်ရေး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ရိက္ခာပြတ်လပ်မှုမရှိစေရေး စီမံထားရှိမှု၊ မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးအတွက် Disaster Management Centre-DMC ၏ ဆောင်ရွက်နေမှုအခြေအနေများ၊ ရုံး/ဌာနဆိုင်ရာအဆောက်အဦများအလိုက် ဦးစားပေးဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်သူများအားလုံး အမိုးအကာအောက်ရောက်ရှိရေး ဦးစားပေးဆောင်ရွက်နေသည့် အခြေအနေ များ၊ မိုးရာသီတွင် စိုက်ပျိုးရေးအတွက် ထွန်ယက်မှုနှင့် မျိုးစေ့လိုအပ်မှုအတွက် စီမံဆောင်ရွက်ပေးမှုအခြေအနေများ၊ ပျက်စီးသွားသောကျောင်းများ အမြန်ပြန်လည်ပြင်ဆင်နေဆဲကာလတွင် ကျောင်းသားကျောင်းသူများ အမိုးအကာအောက်တွင် စာသင် ကြားနိုင်ရေးဆိုင်ရာ စီမံဆောင်ရွက်ခဲ့မှုအခြေအနေများ၊ မြို့နယ်များအလိုက် ဆက်သွယ်မှုကောင်းမွန်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ရခိုင်ပြည်နယ်အတွင်း ၉၉ ရာခိုင်နှုန်းပြီးစီးခဲ့မှုအခြေအနေများကို တင်ပြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်ဖြူမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်၍ ဆရာတော်၊ သံဃာတော် များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဌာနဆိုင်ရာများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း၊ ပြည်သူ့ဆေးရုံများ၌ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှု များဖြစ်ပေါ်ခဲ့သည့် အဆောက်အဦများအား ပြန်လည်ပြင်ဆင်နေမှုအခြေအနေများနှင့် ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် လူနာများအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း၊ နယ်မြေခံတပ်ရင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရသေ့တောင်မြို့နှင့် မင်းပြားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးကာ တင်ပြချက်များအပေါ်  လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၆-၂၀၂၂)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်ဖြူမြို့နယ်တို့တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့ရသောပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍  ပြန်လည်ထူထောင်ရေး တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအပေါ်  လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နယ်မြေခံတပ်ရင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ ဌာနဆိုင်ရာများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့။

Add new comment