ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သည့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ဇွန်လ ၁၄ ရက်မှ ၁၇ ရက်အထိ ကျင်းပသည့် (၂၆) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ရာ-
-
ဇွန်လ ၁၄ ရက် (ဖိုရမ်ပထမနေ့) တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အရှေ့ဖျားဒေသရေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ FESCO Transportation and Logistics ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အလားအလာများနှင့် ဗလာဒီဗော့စတော့ခ်ဆိပ်ကမ်းမှ မြန်မာနိုင်ငံရှိဆိပ်ကမ်းများသို့ ရေကြောင်းလမ်းအသုံးပြုဆက်သွယ်နိုင်မည့်အလားအလာများကို ဆွေးနွေးခဲ့။
-
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏သမ္မတအကြံပေး၊ ရော့စ်ကွန်ဂရက်ဖောင်ဒေးရှင်း၏ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အတွင်းရေးမှူးဖြစ်သူ မစ္စတာအန်တွန်ကိုဗျာကော့ဗ်နှင့် ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူးမစ္စတာအလက် ဇန်းဒါးဆာဂီးအ်ဗစ်ရှ်ရှာတီရော့ဗ်နှင့်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံကာ မြန်မာနိုင်ငံတွင် နှစ်နိုင်ငံအကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ယဉ်ကျေးမှုနှင့်ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့။
-
ဥရောပ-အာရှစီးပွားရေးကော်မရှင်၊ မေခရိုစီးပွားရေးနှင့်ပေါင်းစည်းရေးဝန်ကြီး မစ္စတာဆီးဂေးရီယူရီရယ်ဗိချ်ဂလာဇီးရပ်စ်ကတည်ခင်းဧည့်ခံသည့် အလုပ်သဘောညစာစားပွဲသို့တက်ရောက်၍ မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်ရေး၊ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးနှင့် EAEU ၏ ဒေသတွင်းစီးပွားရေးပေါင်းစည်းဆောင်ရွက်မှုများအား လေ့လာရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
-
ဇွန်လ ၁၅ ရက် (ဖိုရမ်ဒုတိယနေ့)တွင် On the Road to Recycling: From Waste to Resources ဆွေးနွေးမှုအစီအစဉ်၌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဆွေးနွေး သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ၏သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများ၊ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့်စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေပါ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ စိန်ခေါ်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့။
-
(၂၆) ကြိမ်မြောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ Ms.ELVIRA Nabiullina တို့တွေ့ဆုံစဉ် နှစ်နိုင်ငံဗဟိုဘဏ်နှစ်ခု အကြား Capacity Building ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ Local Currency အသုံးပြုပြီး ငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ဒစ်ဂျစ်တယ်ငွေပေးချေမှု ဖြစ်ပေါ်တိုးတက်လာမှုအခြေအနေများ၊ Cross - Border Payment တွင် ဒစ်ဂျစ်တယ် Payment များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များနှင့် လက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့။
-
အီးအေအီးယူ-အာဆီယံစီးပွားရေးဆိုင်ရာဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အီးအေအီးယူနှင့် အာဆီယံအကြားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများနှင့် ရည်မှန်းချက်များ၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ဆွေးနွေးခဲ့။
-
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး မစ္စတာမာ့က်ခ်ဆင်ရယ်ရှယ်နီကို့ဗ်နှင့် တွေ့ဆုံကာ ရုရှား-မြန်မာနှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ဦးစားပေးကဏ္ဍများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
-
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိုရမ်၏ Governor’s Lounge ရှိ Center-Inform JSC သို့ သွားရောက်လေ့လာခဲ့ပြီး သတင်းအချက်အလက်ဝန်ဆောင်မှုလုပ်ငန်းနှင့် လုံခြုံရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများနှင့် လုပ်ထုံးလုပ်နည်းများ၊ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ တင်သွင်းရေးကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
-
ဇွန်လ ၁၆ ရက်တွင် ရုရှားပတ်ဝန်းကျင်ဆိုင်ရာဌာန အထွေထွေညွှန်ကြားရေးမှူး မစ္စတာဒန်းနစ်ဘတ်စေးအိဗ်တို့အဖွဲ့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံအကြား လူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေသော သက်ရောက်မှုများကို တားဆီးရန်၊ စွမ်းအင်ထုတ်လုပ်ရန်အတွက် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်ရန်၊ မြူနီစပယ်စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုစနစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံရှိ စွန့်ပစ်ပစ္စည်းများအား အမျိုးအစားခွဲခြားခြင်းဆိုင်ရာစီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
-
ဇွန်လ ၁၇ ရက်တွင် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ မစ္စတာအိုင်ဗီယန်ဗီတိုရိုဗစ်ရှ်ပိုလီရာကော့ဗ်နှင့် တွေ့ဆုံပြီး ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ ရုရှား နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။
-
(၂၆) ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်နှင့် အယ်လ်ဂျီးရီးယားနိုင်ငံသမ္မတ အက်ဘ်ဒယ်လ်မက်ဂျစ်ဒ်တက်ဘ် ဘုန်း တို့က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး ရုရှားနိုင်ငံနှင့် ကမ္ဘာ့မျက်မှောက်ရေးရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့။
အဆိုပါ ဖိုရမ်သို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ပုဂ္ဂလိက ဘဏ်များမှ ကိုယ်စားလှယ် ၂၄ ဦးပါဝင်တက်ရောက်ခဲ့ပြီး နိုင်ငံပေါင်း ၁၃၀ မှ ဧည့်သည်တော်ပေါင်း ၁၇,၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၆-၂၀၂၃)
-
ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၂၆) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ပြီး-
-
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏သမ္မတအကြံပေး၊ ရော့စ်ကွန်ဂရက်ဖောင်ဒေးရှင်း၏ ဒုတိယဥက္ကဋ္ဌနှင့် ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူးတို့နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ယဉ်ကျေးမှုနှင့်ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့။
-
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး မစ္စတာမာ့က်ခ်ဆင်ရယ်ရှယ်နီကို့ဗ်နှင့်တွေ့ဆုံစဉ် ရုရှား-မြန်မာနှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ဦးစားပေးကဏ္ဍများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
-
ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ မစ္စတာအိုင်ဗီယန်ဗီတိုရိုဗစ်ရှ်ပိုလီရာကော့ဗ်နှင့် တွေ့ဆုံစဉ် ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။
-
အဆိုပါ ဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ပုဂ္ဂလိကဘဏ်များမှ ကိုယ်စားလှယ် ၂၄ ဦးပါဝင်တက်ရောက်ခဲ့ပြီး နိုင်ငံပေါင်း ၁၃၀ မှ ဧည့်သည်တော်ပေါင်း ၁၇,၀၀၀ ကျော် တက်ရောက်ခဲ့။
Add new comment