ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် ၂၀၂၃ (SPIEF’23) ဆက်စပ်အခမ်းအနားများသို့ တက်ရောက် ခဲ့ရာ-
-
ဇွန်လ ၁၅ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် မင်းလှ (၁၁၆ မဂ္ဂါဝပ်)၊ မင်းတုန်း (၅၆ မဂ္ဂါဝပ်) နှင့် ပုပ္ပား (၂၀၀ မဂ္ဂါဝပ်) တို့၏ လေအားလျှပ်စစ်စီမံကိန်းများအတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Nova Wind JSC ၊ Primus Advanced Technolo-gies Ltd.နှင့် Zeya & Associates Co.,Ltd. တို့ နားလည်မှုစာချွန်လွှာ (Memorandum of Understanding–MOU) လက်မှတ်ရေးထိုးပွဲအခမ်းအနားများသို့ တက်ရောက်ခဲ့ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ယခုထက်ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် နေရောင်ခြည်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ အား ဆွေးနွေးခဲ့။
-
ဇွန်လ ၁၆ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် Role of the Nuclear Industry in “Achieving Technological Sover-eignty and Technologies of the future ”ခေါင်းစဉ်ဖြင့် ကျင်းပသည့် မျက်နှာစုံညီအစည်းအဝေး၌ Nuclear Technology ကို ဓာတ်အားထုတ်လုပ်သည့် နေရာတွင်သာမက အခြားကဏ္ဍများတွင်လည်း အသုံးချဆောင်ရွက်လျက်ရှိကြောင်း။
-
နျူကလီးယားဓာတ်အားပေးစက်ရုံများ၏ Safety နှင့် Efficiency တိုးတက်မြင့်မားလာမှုသည် ရေရှည်အသုံးပြုနိုင်မှုကို မြှင့်တင်ပေးနိုင်သကဲ့သို့ ဆေးပညာ၊ စက်မှု၊ စိုက်ပျိုးရေးနှင့် အာကာသသို့ သွားရောက်စူးစမ်းရှာဖွေမှုစသည့်ကဏ္ဍ အမျိုးမျိုးတွင်လည်း ဖွံ့ဖြိုးတိုးတက်အောင် များစွာအထောက်အကူပြုလျက်ရှိကြောင်း။
-
Nuclear Energy သည် ရေအားပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံး ကာဗွန်ဒိုင်အောက်ဆိုက် မထုတ်လွှင့်သည့် စွမ်းအင်အရင်းအမြစ်ဖြစ်ပြီး Technological Sovereignty ရရှိရန်အတွက် Nuclear Industry မှာ သုတေသနဖွံ့ဖြိုးမှုလုပ်ငန်း များ ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လို အပ်ကြောင်းနှင့် မျိုးဆက်သစ် သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများနှင့် အတတ်ပညာရှင်များကို ပြုစုပျိုးထောင်ပေးရန်လိုကြောင်းပြောကြားခဲ့။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Nova Wind JSC နှင့်အတူ System Operator of the United Power System, Joint –stock Company ၏ Chairman of the Management Board, Mr. Ferdor Opadchiy နှင့် တွေ့ဆုံ၍ ဓာတ်အားစနစ် တည်ငြိမ်စွာ ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် Power System Planning အပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၆-၂၀၂၃)
-
ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် စိန့်ပီတာစဘတ်မြို့၌ကျင်းပသည့် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ်(၂၀၂၃) (SPIEF’23) ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခဲ့ပြီး နေရောင်ခြည်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ Nuclear Technology ကို ဓာတ်အားထုတ်လုပ်သည့် နေရာတွင်သာမက အခြားကဏ္ဍများတွင်လည်း အသုံးချဆောင်ရွက်လျက်ရှိကြောင်းနှင့် ဓာတ်အားစနစ်တည်ငြိမ်စွာ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အတွက် Power System Planning အပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။
Add new comment