KKO(ခွဲထွက်)အဖွဲ့၊ KNLA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများအနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုတို့ ထိတ်လန့်မှုများဖြစ်စေရန် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ-
-
ဇွန်လ ၁၆ ရက်တွင် KKO(ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါလက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။
-
အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အတွင်းသို့ KNLA အဖွဲ့ နှင့် PDF အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ရပြီး အသက် ၅ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့။
ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများ၏လုပ်ရပ်သည် လူမဆန်သည့် ယုတ်မာရိုင်းစိုင်းသော အစွန်းရောက် အကြမ်းဖက်လုပ်ရပ်ဖြစ်သည့်အပြင် ၎င်းတို့ကို မထောက်ခံသည့် အပြစ်မဲ့ပြည်သူများအား “ဒလန်” ဟုစွပ်စွဲကာ အကြောင်းမဲ့ လူမဆန်စွာ သတ်ဖြတ်ခဲ့မှုများတွင် အရွယ်မရောက်သေးသည့် အပြစ်မဲ့ကလေးသူငယ်များပါမချန် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လာဖြစ်သဖြင့် ပြည်သူတစ်ရပ်လုံးက ၎င်းတို့၏လုပ်ရပ်များကို အပြင်းအထန် ရှုတ်ချလျက်ရှိပါသည်။
အဆိုပါအကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် တုံ့ပြန်မှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၆-၂၀၂၃)
-
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ မြို့များအတွင်းသို့ KKO (ခွဲထွက်) အဖွဲ့၊ KNLA အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့တို့က လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အသက် ၅ နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အပြစ်မဲ့ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့။
Add new comment