နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် မြန်မာအားကစားအဖွဲ့ များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်

      ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် (၁၂) ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပသည့် (၁၇) ကြိမ်မြောက် အရှေ့တောင်အာရှ (ဖိတ်ခေါ်) ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်ရရှိ ခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ ၁၇ ရက်တွင် နေပြည်တော်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင်-

  • အားကစားလှုပ်ရှားမှုသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုသည်ဆိုသော်လည်း ယခုကဲ့သို့ နိုင်ငံတကာအားကစားပြိုင်ပွဲများ၌ အောင်မြင်မှုသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်တွင် ထည်ဝါခန့်ညားစေပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပေးခြင်းပင်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအတွင်း၌ ၂ဝ၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်း၊ လူဦးရေ ၅ ဒသမ ၉၆၈ သန်းကျော်သည် မသန်စွမ်းသူများဖြစ်ကြသည်ဟုလည်း သိရကြောင်း။
  • မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၏ ပုဒ်မ (၃၂)၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်အနေဖြင့် မသန်မစွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်ဟုပြဋ္ဌာန်းထားသည့်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ကာ မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ ပြုစုပျိုးထောင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးစသည့် လိုအပ်ချက်များကို အလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • အာဆီယံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ASEAN Para Sports Federation (APSF)ကို မြန်မာနိုင်ငံအနေဖြင့်လည်း အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခဲ့ပြီး မသန်စွမ်းသူများ အားကစားပြိုင်ပွဲတိုင်းကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် ယခု(၁၂) ကြိမ်မြောက်ပြိုင်ပွဲတွင် အားကစားနည်း(၈)နည်း၊ အားကစားသမား(၈၂)ဦးနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြေးခုန်ပစ်၊ ရေကူးအားကစားနည်းတို့မှ ရွှေတံဆိပ်(၁၅)ခု၊ ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ အားကစား နည်းတို့မှ ငွေတံဆိပ်(၂၂)ခု၊ ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ စစ်တုရင်ပြိုင်ပွဲနှင့် ဂိုးလ်ဘောအားကစားနည်းများမှ ကြေးတံဆိပ်(၁၉)ခု၊ စုစုပေါင်းဆုတံဆိပ်(၅၆)ခု ရရှိပြီး ပြိုင်ပွဲဝင်(၁၁) နိုင်ငံအနက် အဆင့်(၆) ရရှိခဲ့ကြောင်း။
  • ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်မှ ၁၂ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဘန်တန်ကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၇) ကြိမ်မြောက် (ဖိတ်ခေါ်) အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို မြန်မာနိုင်ငံအပါအဝင် ဘရူးနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မလေးရှားစုစုပေါင်း ၈ နိုင်ငံတို့မှ အားကစားသမား ၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း။
  • အဆိုပါပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၃ ခု စုစုပေါင်းဆုတံဆိပ် ၇ ခု ရယူပေးနိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို ဂုဏ်ပြုဆုငွေများ ထည့်သွင်းချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲမှ ရေကူးအားကစားနည်းတွင် ရွှေတံဆိပ် ၃ ခုနှင့် ငွေတံဆိပ် ၃ ခုရရှိခဲ့သည့် အမျိုးသားနှစ်ဦး၊ ပြေးခုန်ပစ်အားကစားနည်းတွင် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၂ ခု ရရှိခဲ့သည့် အမျိုးသား နှစ်ဦး၊ သံလုံးပစ်၊ လှံတံပစ်၊ သံပြားပစ်ပြိုင်ပွဲတို့တွင် ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၃ ခုနှင့် ကြေးတံဆိပ် ၁ ခုရရှိခဲ့သည့် အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦး၊ (၁၇) ကြိမ်မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲမှ ရွှေတံဆိပ် ၁ ခု ရရှိခဲ့သည့် အမျိုးသားတစ်ဦးတို့အား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြေးခုန်ပစ်အားကစားနည်းများတွင် ငွေတံဆိပ် ၆ ခုရရှိခဲ့သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး၊ အလေးမအားကစားနည်းတွင် ငွေတံဆိပ် ၂ ခု ရရှိခဲ့သည့် အမျိုးသမီးတစ်ဦးတို့ကို လည်းကောင်း၊ တာဝန်ရှိသူများက ငွေတံဆိပ်၊ ကြေးတံဆိပ်ဆုများရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်ဆုရအားကစားသမားများ၊ အုပ်ချုပ်မှုအဖွဲ့နှင့် နည်းပြများကိုလည်းကောင်း ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ထို့နောက် နိုင်ငံ့ဂုဏ်ဆောင်ဆုတံဆိပ်ရ အားကစားသမားများကိုယ်စား ကိုယ်စားလှယ်တစ်ဦးစီတို့က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ပါသည်။

ယနေ့ကျင်းပပြုလုပ်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားတွင် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် တစ်ဦးချင်းပြိုင်ပွဲများ၌ ရွှေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၃၀၀၊ ငွေတံဆိပ် ရရှိခဲ့သူများကို ငွေကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၁၀၀၊ အသင်းလိုက်ပြိုင်ပွဲများ၌ ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးလျှင် ငွေကျပ် ၃၅ သိန်းနှင့် အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် နည်းပြ များနှင့် အုပ်ချုပ်သူများအား မိမိတို့အားကစားနည်းမှ ရွှေတံဆိပ်ရရှိခဲ့ပါက တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ ၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၅၀ ၊ ကြေးတံဆိပ်ရရှိခဲ့ပါက ငွေ ကျပ်သိန်း ၃၀ စီပေးအပ်ချီးမြှင့်ခဲ့ရာ စုစုပေါင်းချီးမြှင့်ငွေအနေဖြင့် ငွေကျပ် ၁၂,၂၉၅ သိန်းဖြစ်ကြောင်းနှင့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၇၀ ၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၅၀၊ နည်းပြ များနှင့်အုပ်ချုပ်သူများကို ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ခြင်းဖြစ်သဖြင့် ဂုဏ်ပြုဆုငွေ ချီးမြှင့်မှုစုစုပေါင်းမှာ ငွေကျပ် ၁၂,၈၀၅ သိန်းဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၆-၂၀၂၃)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲနှင့် အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပသည့် (၁၇) ကြိမ်မြောက် အရှေ့တောင် အာရှ (ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့။
  • မြန်မာနိုင်ငံအနေဖြင့် ယခု (၁၂) ကြိမ်မြောက်ပြိုင်ပွဲတွင် အားကစားနည်း()နည်း၊ အားကစားသမား(၈၂)ဦးနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြေးခုန်ပစ်၊ ရေကူးအားကစားနည်းတို့မှ ရွှေတံဆိပ်(၁၅)ခု၊ ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ အားကစားနည်းတို့မှ ငွေတံဆိပ်(၂၂)ခု၊ ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ စစ်တုရင်ပြိုင်ပွဲနှင့် ဂိုးလ်ဘောအားကစားနည်းများမှ ကြေးတံဆိပ်(၁၉)ခု၊ စုစုပေါင်းဆုတံဆိပ်(၅၆)ခု ရရှိပြီး ပြိုင်ပွဲဝင်(၁၁) နိုင်ငံအနက် အဆင့်() ရရှိခဲ့။
  • (၁၇) ကြိမ်မြောက် (ဖိတ်ခေါ်) အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲကို မြန်မာနိုင်ငံအပါအဝင် စုစုပေါင်း နိုင်ငံတို့မှ အားကစားသမား ၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ် ခု၊ ငွေတံဆိပ် ခု၊ ကြေးတံဆိပ် ခု စုစုပေါင်းဆုတံဆိပ် ခု ရယူပေးနိုင်ခဲ့။
  • ယနေ့ကျင်းပပြုလုပ်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ဂုဏ်ပြုဆုငွေ ချီးမြှင့်မှုစုစုပေါင်းမှာ ငွေကျပ် ၁၂,၈၀၅ သိန်း ဖြစ်။

Add new comment