ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၄ ရက်တွင် စိန့်ပီတာစဘတ်မြို့အနီးရှိ JSC Atomenergomash (AEM-Technologies 'Izhora') အပူစွမ်းအင်သုံးနှင့် နည်းပညာဆိုင်ရာ Service ဆောင်ရွက်ပေးနေသော အလုပ်ရုံအမှတ်(၃၃)၊ (၃၄)အတွင်း၌ အပူစွမ်း အင်သုံး ဓာတ်အားပေးစက်ရုံတွင် အသုံးပြုဆောင်ရွက်နေသော ဘွိုင်လာနှင့် တာဘိုင်ပစ္စည်းများ ထုတ်လုပ်မှုနှင့် တပ်ဆင်နေမှုများကို လေ့လာခဲ့ကြပါသည်။
ယင်းနောက် အလုပ်ရုံအစည်းအဝေးခန်းမတွင် JSC Atomenergomash (AEM-Technologies 'Izhora')၏ Director General Mr.Kotov Igor က အလုပ်ရုံလည်ပတ် ဆောင်ရွက်နေမှုနှင့် ထုတ်လုပ်မှုကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင် စုဝန်ကြီးက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Central Design Bureau of Mechanical Engineering အလုပ်ရုံသို့ သွားရောက်လေ့လာခဲ့ရာ အလုပ်ရုံ၏ Production Director Mr. Alexy Kuzmin က အလုပ်ရုံမှ ထုတ်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၆-၂၀၂၃)
-
စိန့်ပီတာစဘတ်မြို့ရှိ JSC Atomenergomash (AEM-Technologies 'Izhora') နှင့် Central Design Bureau of Mec- hanical Engineering အလုပ်ရုံများသို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီး ဘွိုင်လာနှင့် တာဘိုင်ပစ္စည်းများထုတ်လုပ်မှုနှင့် တပ်ဆင်နေမှုများကို လေ့လာခဲ့။
Add new comment