နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့တို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအားသွားရောက်တွေ့ဆုံ

       စစ်တွေမြို့သို့ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍ ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် မောင်တောမြို့၊ ဘူးသီးတောင်မြို့နှင့် ရသေ့တောင်မြို့များသို့သွားရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမများ၌ ဌာနဆိုင် ရာများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား သီးခြားစီတွေ့ဆုံ အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် မောင်တောမြို့၊ ဘူးသီးတောင်မြို့နှင့် ရသေ့တောင်မြို့တို့မှ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကြီးကြပ်ရန် တာဝန်ပေးအပ်ထားသည့် အရာရှိကြီးများက မောင်တောမြို့၊ ဘူးသီးတောင်မြို့ နှင့် ရသေ့တောင်မြို့တို့တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပြန်လည်ထူထောင်ရေး တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ ရိက္ခာပြတ်လပ်မှု မရှိစေရေးစီမံထားရှိမှု၊ မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး အတွက် Disaster Management Centre-DMC ၏ ဆောင်ရွက်နေမှုအခြေအနေများ၊ ရုံး/ဌာနဆိုင်ရာအဆောက်အဦများအလိုက် ဦးစားပေးဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်သူများအားလုံး အမိုးအကာအောက်ရောက်ရှိရေး ဦးစားပေးဆောင် ရွက်နေသည့်အခြေအနေများ၊ မိုးရာသီတွင် စိုက်ပျိုးရေးအတွက် ထွန်ယက်မှုနှင့် မျိုးစေ့လိုအပ်မှုအတွက် စီမံဆောင်ရွက်ပေးမှုအခြေအနေများ၊ ပျက်စီးသွားသော ကျောင်းများ အမြန်ပြန်လည်ပြင်ဆင်နေဆဲကာလတွင် ကျောင်းသားကျောင်းသူများ အမိုး အကာအောက်တွင် စာသင်ကြားနိုင်ရေးဆိုင်ရာစီမံဆောင်ရွက်ခဲ့မှုအခြေအနေများ၊ မြို့နယ်များအလိုက် ဆက်သွယ်မှုကောင်းမွန်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ရခိုင်ပြည်နယ်အတွင်း ၉၉ ရာခိုင်နှုန်းပြီးစီးခဲ့မှုအခြေအနေများကို တင်ပြခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မောင်တောမြို့၊ ဘူးသီးတောင်မြို့နှင့် ရသေ့တောင်မြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန် တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဌာနဆိုင်ရာများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း၊ ပြည်သူ့ဆေးရုံများ၌ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အဆောက်အဦများအား ပြန်လည်ပြင်ဆင်နေမှုအခြေအနေများနှင့် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း၊ နယ်မြေခံတပ်ရင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်နှင့်အဖွဲ့ဝင်များသည် ရသေ့တောင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှုများကို လိုက်လံကြည့်ရှုအားပေး ပြီး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးကာ တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၆-၂၀၂၂)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က မောင်တောမြို့၊ ဘူးသီးတောင်မြို့နှင့် ရသေ့တောင်မြို့တို့တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့ရသော ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍  ပြန်လည်ထူထောင် ရေး တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နယ်မြေခံတပ်ရင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ ဌာနဆိုင်ရာများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့။

Add new comment