ပြည်ထောင်စုဝန်ကြီးများက ကုလသမဂ္ဂဆိုင်ရာယာယီဌာနေညှိနှိုင်းရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူးဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

        စစ်တွေမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးကိုကိုလှိုင်နှင့် ဒေါက်တာသက်သက်ခိုင်တို့သည် ကုလသမဂ္ဂဆိုင်ရာ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr.Ramanathan Balakrishnan ဦးဆောင်သည့်အဖွဲ့အား ဇွန်လ ၁၅ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်းများကို စနစ်တကျ ခွဲဝေဖြန့်ဖြူးပေးလျက်ရှိသည့် အခြေအနေများ၊ မုန်တိုင်းဒဏ်သင့်ဒေသများ၌ လူမှုရေး၊ စီးပွားရေး၊ ပုံမှန်လည် ပတ်နိုင်အောင် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် နိုင်ငံတကာအကူအညီများနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ကုလသမဂ္ဂဆိုင်ရာယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့်အတူ OCHA Deputy Head of Office, Ms.Kyoko Ono၊ Senior Advisor to RC/HC Daw Su Su Thatun၊ UN Area Coordinator For Rakhine State, Mr.Riccardo Maia၊ Head of OCHA Rakhine Sub-Office, Mr.Tom Otunga၊ Humanitarian Affairs Specialist, OCHA, U Kyaw Naing Win တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၆-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးကိုကိုလှိုင်နှင့် ဒေါက်တာသက်သက်ခိုင်တို့သည် ကုလသမဂ္ဂဆိုင်ရာ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံစဉ် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မုန်တိုင်းဒဏ်သင့်ဒေသများ၌ လူမှုရေး၊ စီးပွားရေး၊ ပုံမှန်လည်ပတ်နိုင်အောင် ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများနှင့် နိုင်ငံတကာအကူအညီများနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ပွင့်လင်းစွာ ဆွေးနွေးခဲ့။

Add new comment