ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး BIMSTEC Business Conclave ၏ ဆက်စပ်ဖိုရမ်များသို့ တက်ရောက်

      အိန္ဒိယသမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် BIMSTEC Business Conclave တွင် ဂုဏ်ထူး‌ဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်နေသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဇွန်လ ၁၄ ရက်တွင် BIMSTEC Business Conclave ၏ ဆက်စပ်ဖိုရမ်များသို့ တက်ရောက်ခဲ့ပါသည်။

Hytta Regency Kolkata Hotel၊ Ballroom One ပြုလုပ်သည့် ဘင်းမ်စတက်စိုက်ပျိုးရေးနှင့် အစားအစာဖိုရမ်တွင် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးလွင်၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု စင်တာမှ အမှုဆောင်ဒါရိုက်တာ စီးပွား‌ရေးပညာရှင် ဒေါက်တာဇော်ဦးတို့က Panelist အဖြစ်လည်းကောင်း၊ Hytta Regency Kolkata Hotel ၏ Guchhi ခန်းမ၌ ပြုလုပ်သော ကျောက်မျက်ရတနာဖိုရမ်တွင် မြန်မာနိုင်ငံမှ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်ဟန်က Panelist အဖြစ်လည်းကောင်း၊ နေ့လည်ပိုင်း၌ Hytta Regency Kolkata Hotel၊ Ballroom One ပြုလုပ်သည့် ဘင်းမ်စတက်အမျိုးသမီးများ ဖိုရမ်တွင် မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ   ဒေါ်ခင်သက်မော်နှင့် ဘင်းမ်စတက်ပညာရေးဖိုရမ်တွင် မြန်မာနိုင်ငံအမျိုးသမီးစွန့်ဦးတီထွင်သူများအသင်းဝင် Streamline Training - Learning Center တည်ထောင်သူ ဒေါ်ဝင်းအိခိုင်တို့က Panelist အဖြစ် ပါဝင်ဆွေးနွေးခဲ့ကြရာ ဖိုရမ် အသီးသီးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အားပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၆-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် BIMSTEC Business Conclave ၏ ဆက်စပ်ဖိုရမ်များဖြစ်သည့် ဘင်းမ်စတက်စိုက်ပျိုးရေးနှင့် အစားအစာဖိုရမ်၊ ကျောက်မျက်ရတနာဖိုရမ်၊ ဘင်းမ်စတက်အမျိုးသမီးများဖိုရမ်နှင့် ဘင်းမ် စတက်ပညာရေးဖိုရမ်များသို့ တက်ရောက်အားပေးခဲ့။

Add new comment