ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ပါတီ ၅၀ အနက် ပါတီအမှတ် (၁) မှ (၂၂) အထိအား ကြေညာချက်အမှတ် အသီးသီးထုတ်ပြန်၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့် အညီ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဇွန်လ ၉ ရက်တွင်လည်း အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကို ပါတီအမှတ်(၂၃)၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီကို ပါတီအမှတ် (၂၄)၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီကို ပါတီအမှတ်(၂၅)အဖြစ် ထပ်မံ ခွင့်ပြုခဲ့ပါသည်။
ပါတီတည်ထောင်ခွင့် လျှောက်ထားသည့်အဖွဲ့ ၁၃ ဖွဲ့အနက် ခူမီးအမျိုးသားပါတီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၁၃ ရက်တွင် နိုင်ငံရေး ပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုခဲ့ပြီး အဆိုပါ ပါတီသည် ခွင့်ပြုချက်ရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၁၃ ရက်အထိ တည်ထောင် ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၇ ပါတီ ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၆-၂၀၂၃)
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြေညာချက်အမှတ်အသီးသီးထုတ်ပြန်၍ နိုင်ငံရေးပါတီများအား မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ နိုင်ငံရေးပါတီ အမှတ် (၁) မှ (၂၂) အထိ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီအမှတ် (၂၃) မှ (၂၅) အထိ ထပ်မံခွင့်ပြုခဲ့။
- ခူမီးအမျိုးသားပါတီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၁၃ ရက်တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက် ကို ခွင့်ပြုခဲ့။
Add new comment