၂၀၂၃ ခုနှစ်၊ မေလအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများ

      ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မေလအတွင်း အောက်ပါအတိုင်းဖမ်းဆီးရမိခဲ့ပါသည်-

  • မေလ ၁ ရက်မှ ၃၁ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်း ၄၂.၈၈ ကီလို၊ ဘိန်းဖြူ ၁၀၄.၈၀၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၄၄,၄၃၂ ပြား၊ အိုက်စ် ၈.၂၇၅ ကီလို၊ ဆေးခြောက် ၁၀၇.၀၃၄ ကီလို၊ အဆင့်နိမ့်ဘိန်း ၀.၀၀၄ ကီလို၊ ဘိန်း စာရွက် ၅၄.၁၅၄ ကီလို၊ ဘိန်းဆီခဲ ၉.၆၅၆ ကီလို၊ ဘိန်းစာမှုန့် ၂.၀၉ ကီလို၊ ဘိန်း ဆီရည် ၀.၁ လီတာ၊ ဘိန်းစာရည် ၀.၅ လီတာ၊ ဘိန်းရည် ၄ လီတာ၊ အက်တက်စီ ဆေးပြား ၁,၉၅၄ ပြား၊ ကတ်တမင်း ၃.၄၇၂ ကီလို၊ Erimin-5 ၂,၆၀၀ ပြား၊ Frimin-5 ဆေးပြား ၁၃၀ ပြား၊ Happy Water ၂၁.၀၁၉ ကီလို၊ Sulphuric Acid ၁၂၈ လီတာ၊ Hydrochloric Acid ၆,၈၀၀ လီတာ၊ Benzyl Cyanide ၁,၂၀၀ လီတာ၊ Caustic Soda ၁၄,၅၀၀ ကီလို၊ Food Colour ၀.၉ ကီလိုနှင့် ဓာတုဆေးမှုန့် ၀.၉ ကီလို စုစုပေါင်းတန်ဖိုးငွေကျပ်သန်းပေါင်း ၈,၈၃၁.၁၆၁ (US$ ၄.၂၀၅ သန်းကျော်)တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံအမျိုးသား ၆၂၈ ဦး၊ အမျိုးသမီး ၁၁၄ ဦး၊ စုစုပေါင်းတရားခံ ၇၄၂ ဦး ဖမ်းဆီး ရမိခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း မူးယစ်ဆေးဝါးစုစုပေါင်းတန်ဖိုး ငွေကျပ်သန်းပေါင်း ၅၅,၃၆၃.၂၆၁ (US$ ၂၆.၃၆၃ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ စုစုပေါင်းတရားခံ ၆၇၉ ဦးဖမ်းဆီးရမိခဲ့ပြီး မေလနှင့် နှိုင်းယှဉ်ရာတွင် မူးယစ်ဆေးဝါးတန်ဖိုးငွေ ကျပ်သန်းပေါင်း  ၄၆,၅၃၂.၁ (US$ ၂၂.၁၅၈ သန်းကျော်) ပိုမိုဖမ်းဆီးရမိခဲ့ပါသည်။

အထက်ပါဖမ်းဆီးရမိသည့် တရားခံများအား သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်းပေးခဲ့ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များ ပူးပေါင်း၍ မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် ဆက်လက်ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၆-၂၀၂၃)

 

  • မေလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုး ငွေကျပ်သန်းပေါင်း ,၈၃၁.၁၆၁ (US$ .၂၀၅ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ တရားခံ ၇၄၂ ဦးအား ဖမ်းဆီးရမိခဲ့။

Add new comment