၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

  • ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၁,၃၄၄ ဒသမ ၉၁၅ တန်နှင့် နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၁၁၀ ဒသမ ၈၇ တန် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် စုစုပေါင်းအမေရိကန်ဒေါ်လာ ၅ ဒသမ ၇၇၉ သန်း ရရှိခဲ့။

  • ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလအတွင်း ပင်လယ်ရေကြောင်းမှ  ဆန်နှင့် ဆန်ကွဲတန်ချိန် ၈၅,၃၆၀ တန်နှင့် နယ်စပ်ကုန်သွယ်ရေးမှ ၂,၂၈၈ တန်အား တင်ပိုနိုင်ခဲ့ပြီး မေလတွင်လည်း ပင်လယ်ရေကြောင်းမှ ၁၀၂,၈၀၁ တန်နှင့် နယ်စပ်ကုန်သွယ် ရေးမှ ၇,၉၀၅ တန် တင်ပို့နိုင်ခဲ့။

  • မဟာဗျူဟာမြောက် ပြည်ပပို့ကုန်စာရင်းတွင်ပါဝင်သော သီးနှံတစ်မျိုးဖြစ်သည့် ထောပတ်သီးကို ပြည်ပနိုင်ငံများက စိတ်ဝင်စားလာသောကြောင့် နိုင်ငံတကာဈေးကွက်သို့ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တင်ပို့လျက်ရှိရာ နယ်စပ် ကုန်သွယ်မှုမှ Hass အမျိုးအစား ထောပတ်သီးတန်ချိန် ၁,၀၀၀ ကျော်နှင့် တခြား ထောပတ်သီးအမျိုးအစား တန်ချိန် ၃,၀၀၀ ခန့်တင်ပို့နိုင်ခဲ့။

  • ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် မေလအတွင်း ပြည်ပသို့ ပျားရည်တင်ပို့မှုများရှိခဲ့ရာ ပျားရည်မက်ထရစ်တန်ချိန်  ၃၀၀ ကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၀၅ သန်း ရရှိခဲ့။

ပြည်တွင်း၌ ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်း ပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်နှင့် လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ်လျက်ရှိပြီး နှမ်းပျားရည်သည် ဇူလိုင်လတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၆-၂၀၂၃)

 

  • ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ ပြည်ပသို့  ပုစွန်မက်ထရစ်တန်စုစုပေါင်း ၁,၄၅၅.၇၈၅ တန် တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၇၉ သန်း ရရှိခဲ့။

  • ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုအနေဖြင့် ဧပြီလတွင် တန်ချိန် ၈၇,၆၄၈ တန်နှင့် မေလတွင်  တန်ချိန် ၁၁၀,၇၀၆ တန် တင်ပို့နိုင်ခဲ့။

  • ပြည်ပနိုင်ငံများသို့ ထောပတ်သီးတင်ပို့မှုအနေဖြင့် နယ်စပ်ကုန်သွယ်မှုမှ  Hass အမျိုးအစား ထောပတ်သီးတန်ချိန် ၁,၀၀၀ ကျော်နှင့် တခြားထောပတ်သီးအမျိုးအစား တန်ချိန် ၃,၀၀၀ ခန့်တင်ပို့နိုင်ခဲ့။

  • ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် မေလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန်ချိန်  ၃၀၀ ကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၀၅ သန်း ရရှိခဲ့။

Add new comment