စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဇွန်လ ၁၂ ရက်တွင် အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော အင်ဂျင်နီယာပို့ကုန်မြှင့်တင်ရေးကောင်စီ (Engineering Export Promotion Council-EEPC) မှ ကြီးမှူးကျင်းပသည့် Trade and Investment Opportunities ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေနှင့် အလားအလာများ၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး အလားအလာများ၊ ကျပ်နှင့်ရူပီးများကို နှစ်နိုင်ငံကုန်သွယ်မှုတွင် သုံးစွဲနိုင်ရေး နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကုန်သည်လုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းရာ ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ EEPC မှ ဥက္ကဋ္ဌ၊ တာဝန်နှင့် နိုင်ငံခြားရေးရာကုန်သွယ်မှု မူဝါဒနှင့် ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာဥက္ကဋ္ဌ Mr.P.K Shah၊ ဒုတိယဥက္ကဋ္ဌ Mr.Aakash Shah၊ ဒေသတွင်းဆိုင်ရာဥက္ကဋ္ဌ Mr.B.D Agarwal အပါအဝင် EEPC မှတာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၆-၂၀၂၃)
-
ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် Trade and Investment Opportunities ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့။
-
ဆွေးနွေးပွဲတွင် နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေနှင့် အလားအလာများ၊ ကျပ်နှင့်ရူပီးများကို နှစ်နိုင်ငံကုန်သွယ်မှုတွင် သုံးစွဲနိုင်ရေး နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့။
Add new comment