တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ဒေသများရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ဇွန်လ ၁၂ ရက်တွင် ပထမအသုတ်အနေဖြင့် ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၉၇,၅၀၀ ခန့်ရှိ ခြင်ထောင် ၁၀,၀၀၀ လုံးနှင့် စောင် ၁၀,၀၀၀ ထည် ပေးပို့လှူဒါန်းခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E.Mr Chen Hai မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌအား ပေးအပ်ခဲ့ပါသည်။
နိုင်ငံတော်အစိုးရသည် ကယ်ဆယ်ရေးနှင့်အကူအညီများပံ့ပိုးရာတွင် မုန်တိုင်းဘေးသင့်ပြည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးမူကို လက်ကိုင်ထား၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၊ ဝန်ကြီးဌာနအသီးသီးနှင့်ချိတ်ဆက်၍ အချိန်နဲ့တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၆-၂၀၂၃)
- တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ပထမအသုတ်အနေဖြင့် ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၉၇,၅၀၀ ခန့်ရှိ ခြင်ထောင် ၁၀,၀၀၀ လုံးနှင့် စောင် ၁၀,၀၀၀ ထည်ပေးပို့လှူဒါန်းခဲ့။
Add new comment