ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

      တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့သော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများကို ကျင်းပခဲ့ရာ-

  • မေလ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၂ ဦးတို့အားလည်းကောင်း။
  • ဇွန်လ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့မှ  PDF အဖွဲ့ဝင် အမျိုးသား ၇ ဦးတို့အားလည်းကောင်း ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး တာဝန်ရှိသူများက ထောက်ပံ့ ငွေများအသီးသီးပေးအပ်ကာ ၎င်းတို့၏အုပ်ထိန်းသူ/မိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့။
  • ဇွန်လ ၁၁ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးသည် ၎င်းတို့နှင့်အတူပါလာသော လက်ပစ်ဗုံးတစ်လုံးအား အပ်နှံ၍ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ဆုကြေးငွေ များ အသီးသီးပေးအပ်ကာ ၎င်းတို့၏အုပ်ထိန်းသူ/မိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့။
  • ဇွန်လ ၁၂ ရက်တွင် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းမှ KIA အဖွဲ့ဝင် အမျိုးသား ၂ ဦးသည် ၎င်းနှင့်အတူပါလာသော K- 25  သေနတ် ၂လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၅၀ တောင့်နှင့် လက်ပစ်ဗုံး ၂ လုံးတို့အား အပ်နှံ၍ ဝန်ခံကတိ လက်မှတ်ရေးထိုးစေပြီး တာဝန်ရှိသူများက လက်နက်များအတွက် ဆုကြေးငွေကျပ် စုစုပေါင်း ၁၀၆ သိန်းနှင့် ထောက်ပံ့ငွေတို့ကို အသီးသီးပေးအပ်ကာ ၎င်းတို့၏အုပ်ထိန်းသူ မိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု အသိပေးထုတ်ပြန်ထားပြီး ဇွန်လ ၁၂ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၄၀၁ ဦးနှင့် အမျိုးသမီး ၁၃၄ ဦး၊ စုစုပေါင်း ၅၃၅ ဦးရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၆-၂၀၂၃)

 

  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသူ PDF အဖွဲ့ဝင် အမျိုးသား ၁၂ ဦးတို့အား ဝန်ခံကတိလက်မှတ်ရေးထိုး စေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများအသီးသီးပေးအပ်ကာ ၎င်းတို့၏အုပ်ထိန်းသူ/မိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့။
  • ဇွန်လ ၁၂ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၄၀၁ ဦးနှင့် အမျိုးသမီး ၁၃၄ ဦး၊ စုစုပေါင်း ၅၃၅ ဦးရှိပြီဖြစ်။

Add new comment