ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရမှုအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်

         ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တပ်မတော်မှ ကြိုတင်စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

  • ဇွန်လ ၇ ရက်မှ ၁၁ ရက်အထိ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ မြောက်ဦးမြို့သို့ ရောက်ရှိနေသော ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ ရသေ့တောင်မြို့သို့ ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်း၊ မောင်တောမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ မြေပုံမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်စိုးတို့သည် သင်္ဘောဖြင့် ရောက်ရှိလာသော ဆန်များအား စားသုံးသူရေးရာဂိုဒေါင်သို့ သယ်ယူပို့ဆောင် နေမှု၊ ဌာနဆိုင်ရာရုံးများ ပြင်ဆင်ပြီးစီးမှုတို့ကို ကြည့်ရှုအားပေးခဲ့ပြီး မုန်တိုင်းသင့်ပြည်သူများအား စားသောက်ဖွယ်ရာပစ္စည်းများကိုလည်းကောင်း၊ ဘုန်းတော်ကြီးကျောင်းများအတွက် အမိုးသွပ်နှင့် ဆွမ်းဆန်များကိုလည်းကောင်း ထောက်ပံ့လှူဒါန်းခဲ့။
  • ဇွန်လ ၇ ၊ ၉ ၊ ၁၁ ရက်တို့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နှင့် တာဝန်ရှိသူများသည် စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာများမှ မုန်တိုင်းဒဏ်သင့်ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ဆိပ်ကမ်းများတွင် တပ်မတော်(ရေ)မှ ကမ်းထိုးရေယာဉ်များ၊ ကုန်တင်သင်္ဘောများပေါ်မှ ကူညီထောက်ပံ့ရေးပစ္စည်းများကို မော်တော်ယာဉ်များပေါ်သို့ ရွှေ့ပြောင်းပို့ဆောင်ပေးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့။
  • ဇွန်လ ၇ ရက်မှ ၁၁ ရက်အထိ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မောင်တောနှင့် ဘူးသီးတောင်မြို့များသို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မုန်တိုင်းကြောင့် ပြိုလဲပျက်စီးသွားသော နေအိမ်အဆောက်အဦများ ပြင်ဆင်ပေးခြင်း၊ သောက်သုံးရေနှင့် ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးခဲ့။
  • ဇွန်လ ၇ ရက်တွင် ၂၃၀ ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်းဓာတ်အားလိုင်း ပြင်ဆင်ခြင်းလုပ်ငန်းများ (၁၀၀%) ဆောင်ရွက်ပြီးဖြစ်သဖြင့် ပုဏ္ဏားကျွန်းဓာတ်အားခွဲရုံမှ ပင်မထရန်စဖော်မာသို့ ဓာတ်အားဆက်လက်ပို့လွှတ်ခဲ့ကာ၊ ၎င်းထရန်စဖော်မာမှ ပုဏ္ဏား ကျွန်း-စစ်တွေအမှတ်(၁)ဓာတ်အားလိုင်းဖြင့် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့ပေါ်တို့သို့ ဓာတ်အားစတင် ဖြန့်ဖြူးပေးနိုင်ခဲ့။
  • မေလ ၂၅ ရက်မှစတင်၍ စစ်တွေမြို့၊ မြို့ပေါ်မိန်းလမ်းမကြီးတလျှောက်တွင် ည ၇ နာရီမှ ၁၀ နာရီအထိ လမ်းမီးများကို ၅၀၀ ကေဗွီအေ မီးစက်အသုံးပြု၍ ထွန်းညှိပေးခဲ့ပြီး ဒေသခံပြည်သူများအနေဖြင့် ဖုန်းများ၊ လျှပ်စစ်မီးလုံးများနှင့် အခြားဘတ္ထရီ အားသွင်း လျှပ်စစ်ပစ္စည်းများ အသုံးပြုနိုင်ရန်အတွက် Charg- ing Point နေရာများ ထပ်တိုးစီစဉ်ဆောင်ရွက်ပေးထားလျက်ရှိ။
  • ဇွန်လ ၉ ရက်မှ ၁၁ ရက်အထိ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့်အဖွဲ့သည် စစ်တွေမြို့ ကမ်းနားလမ်းတစ်လျှောက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော မြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းအိမ်ရာများ၊ ဟိန္ဒူဘုရားရှိခိုးကျောင်းနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတို့ ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့။
  • သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ဒေသတွင်းနှင့် အခြားဒေသများမှ သစ်များကို စစ်တွေမြို့သို့ သယ်ယူပြီး ယာယီသစ်ခွဲစက်များဖြင့် ခွဲစိတ်၍ လိုအပ်ချက်ရှိသည့် နေရာဒေသများသို့ ပို့ဆောင်ပေးလျက်ရှိရာ ဇွန်လ ၉ ရက် အထိ စုစုပေါင်း ရောက်ရှိသစ်ခွဲသားနှင့် ခွဲစိတ်ပြီးသစ် ၁,၃၆၉ တန်၊ ဖြန့်ခွဲပြီးသည့်သစ်ခွဲသား ၇၅၈ တန် ဖြစ်ပြီး ကျန်ရှိသည့် သစ်ခွဲသားများကိုလည်း လိုအပ်သည့်နေရာများသို့ ဆက်လက်ဖြန့်ခွဲပေးသွားမည်ဖြစ်။
  • ရခိုင်ပြည်နယ်အတွင်း ပြတ်တောက်သွားသော မိုဘိုင်းစခန်းများ ဆက်သွယ်မှုပြန်လည်ရရှိရေးအတွက် ဆောင်ရွက်ခဲ့ရာ ဇွန်လ ၉ ရက်အထိ မိုဘိုင်းစခန်း စုစုပေါင်း ၈၈၂ စခန်း ပြန်လည်ပြုပြင်နိုင်ခဲ့ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ဆောင်ရွက်ပေး နိုင်ပြီဖြစ်။
  • ပညာရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေခံပညာကျောင်းများကို ဦးစားပေးအဆင့်သတ်မှတ်၍ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ထိခိုက်ပျက်စီးခဲ့သည့် အခြေခံပညာ ကျောင်းစုစုပေါင်း ၁၅၃၈ ကျောင်းအနက် ပြုပြင်ဆောင်ရွက်ပြီး ၃၇၅ ကျောင်း၊ ပြုပြင်ဆောင်ရွက်ဆဲ ၉၉၀ ကျောင်းနှင့် ပြုပြင်ဆောင်ရွက်ရန်ကျန် ၁၇၃ ကျောင်းရှိ။

ထိုသို့တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက ပြန်လည်ထူထောင်ရေး ပူးပေါင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၆-၂၀၂၃)

 

 
   
  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာ တာဝန်ရှိသူ များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ။

Add new comment