ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့်မြို့နယ်များရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင်များက အလှူငွေ များအား ပေးအပ်လှူဒါန်းလျက်ရှိရာ ဇွန်လ ၉ ရက်မှ ၁၁ ရက်ထိ-
-
ချင်းပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သူရဦးဘိုရီ (ခြူးနဂါးဆေးပေါလိပ်) မိသားစုက အလှူငွေကျပ်သိန်း ၂၀၀၊ ဦးအောင်မျိုးဟိန်းမိသားစုက အလှူငွေကျပ်သိန်း ၁၀၀၊ ဦးစိုးဝင်းထွန်း မိသားစုက အလှူငွေကျပ်သိန်း ၅၀၊ West Corporation Japan မှ အလှူငွေကျပ်သိန်း ၅၀၊ ဗိုလ်သင်တန်း အမှတ်စဉ်(၆၆)မှ အရာရှိများက အလှူငွေကျပ်သိန်း ၄၀၊ ဦးသန့်ဇင် (သုခကမ္ဘာဆေးခန်း) မိသားစုက အလှူငွေကျပ် ၁၀ သိန်းနှင့် အခြားစေတနာရှင် အလှူရှင်များက အလှူငွေများနှင့် စားသောက်ကုန်ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လက်ခံရယူခဲ့။
-
ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ဇနီးဒေါ်ကေသွယ် မိသားစုက ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေကျပ် ၄၅ သိန်းကို ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့။
-
မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ ငွေကျပ် ၁၆၇ သိန်း နှင့် အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများ၊ ကလေးအာဟာရမှုန့်များ၊ သွားတိုက်ဆေး၊ သွားပွတ်တံများ၊ စားသုံးဆီများကို လှူဒါန်းခဲ့ရာ UMFCCI Task Force အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်မှ လက်ခံရယူခဲ့။
အလှူရှင်များ၏ လှူဒါန်းမှုနှင့်အတူ တပ်မတော်သားများနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများကလည်း မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့ရေးပစ္စည်းများအား ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးအသီးသီးရှိ မုန်တိုင်းဒဏ်သင့်မြို့နှင့် ကျေးရွာများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၆-၂၀၂၃)
|
Add new comment