(၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအသင်းမှ ဆုတံဆိပ် ၅၆ ခုဆွတ်ခူးရရှိ

      ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ဇွန်လ ၃ ရက်မှစတင်၍ ၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအသင်းမှ ရေကူးအားကစားနည်းတွင် ကျား ၁၀ ဦး၊ ပြေးခုန်ပစ် အားကစားနည်းတွင် ကျား/မ ၂၅ ဦး၊ အလေးမအားကစားနည်းတွင် ကျား/မ ၇ ဦး၊ ဘော်လီဘောအားကစားနည်းတွင် ကျား ၁၂ ဦး၊ ဂိုးလ်ဘောအားကစားနည်းတွင် ကျား ၆ ဦး၊ စစ်တုရင်အားကစားနည်းတွင် ကျား ၆ ဦး၊ စားပွဲတင်တင်းနစ်အားကစားနည်းတွင် ကျား ၂ ဦး၊ ဘောလုံးအားကစားနည်းတွင် ကျား ၁၄ ဦး၊ စုစုပေါင်း ၈၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။

 (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အိမ်ရှင်နိုင်ငံမှ အားကစားနည်း ၁၄ နည်းထည့်သွင်းကျင်းပရာ မြန်မာနိုင်ငံမှ အားကစားနည်း ၈ နည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရေကူးအားကစားနည်းတွင် ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၁၃ ခု၊ ကြေးတံဆိပ် ၁၀ ခု၊ ပြေးခုန်ပစ်အားကစားနည်းတွင် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၄ ခု၊ အလေးမအားကစားနည်းတွင် ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၂ ခု၊ ဂိုးလ်ဘောအားကစားနည်းတွင် ကြေးတံဆိပ် ၁ ခု၊ စစ်တုရင်အားကစားနည်းတွင် ကြေးတံဆိပ် ၂ ခု၊ စုစုပေါင်းဆုတံဆိပ် ၅၆ ခုဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက်အဆင့် (၆) ရရှိခဲ့ပါသည်။

အောင်ပွဲရမြန်မာမသန်စွမ်းအားကစားအဖွဲ့သည် မြန်မာနိုင်ငံသို့  ဇွန်လ ၁၀ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ အားကစားနှင့် ကာယပညာဦးစီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ ချုပ်မှ တာဝန်ရှိသူများ၊ ကျောင်းသား/သူများ၊ အားကစားသမားများ၊ မိဘဆွေမျိုးများက ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၆-၂၀၂၃)

 

  • (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမသန်စွမ်း အားကစားအသင်းမှ ရွှေတံဆိပ် ၁၅ ခု၊ ငွေတံဆိပ် ၂၂ ခုနှင့် ကြေးတံဆိပ် ၁၉ ခု၊ စုစုပေါင်းဆုတံဆိပ် ၅၆ ခုဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက်အဆင့် () ရရှိခဲ့။

 

Add new comment