ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရမှုအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်

       ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လိုအပ် သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

  • ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့သည် စစ်တွေမြို့၊ ကုလားတန်ဘက်စုံသုံးဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် သင်္ဘောကြီးများပေါ်မှ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများချနေမှုနှင့် ကမ်းနားလမ်းတစ်လျှောက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော စစ်တွေမြို့ပေါ်ရှိ ဌာန ဆိုင်ရာဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီးမှုနှင့် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ မြေပြင်ကွင်းဆင်း၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုအားပေးပြီး ဝန်ထမ်းများအား ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ဖွယ်ရာများချီးမြှင့်ပေးအပ်ခဲ့။
  • ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ မြောက်ဦးမြို့သို့ ရောက်ရှိနေသော ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ ရသေ့တောင်မြို့သို့ ရောက် ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းတို့သည် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ ဌာနဆိုင်ရာရုံးများ ပြင်ဆင်ပြီးစီးမှု၊ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ရန် ကျေးရွာကိုယ်စားလှယ် များအား စားသုံးသူရေးရာဂိုဒေါင်မှ ထောက်ပံ့ပစ္စည်းများထုတ်ပေးနေမှု၊ မုန်တိုင်းသင့်ပြည်သူများအား ကြက်သား၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ပြီး မုန်တိုင်းသင့်ပြည်သူများအား အမိုးသွပ်၊ တာပေါ်လင်လိပ်၊ ဆန်နှင့် စားသောက်ဖွယ်ရာပစ္စည်းများကိုလည်းကောင်း၊ ဘုန်းတော်ကြီးကျောင်းများအတွက် အမိုးသွပ်နှင့် ဆွမ်းဆန်များအားလည်းကောင်း ထောက်ပံ့လှူဒါန်းခဲ့။
  • ဇွန်လ ၉ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နှင့် တာဝန်ရှိသူများသည် တပ်မတော်အထူးဆေးကုအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာများမှ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး မုန်တိုင်းသင့် ဒေသခံပြည်သူများအား ဒံပေါက်ထမင်းဘူးများ ပေးဝေလှူဒါန်းခဲ့။
  • ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ မောင်တောနှင့် ဘူးသီးတောင်မြို့များသို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် လမ်းဘေး ဝဲ/ယာ၌ လဲကျနေသောသစ်ပင်ကြီးများ၊ သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်း၊ သောက်သုံးရေနှင့် ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေပေးခြင်း၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့။
  • သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ဒေသတွင်းနှင့် အခြားဒေသများမှ သစ်များကို စစ်တွေမြို့သို့ သယ်ယူပြီး ယာယီသစ်ခွဲစက်များဖြင့် ခွဲစိတ်၍ လိုအပ်ချက်ရှိသည့် နေရာဒေသများသို့ ပို့ဆောင်ပေးလျက်ရှိရာ ဇွန်လ ၉ ရက်အထိ စုစုပေါင်း ရောက်ရှိသစ်ခွဲသားနှင့် ခွဲစိတ်ပြီးသစ် ၁,၃၆၉ တန်၊ ဖြန့်ခွဲပြီးသည့်သစ်ခွဲသား ၇၅၈ တန် ဖြစ်ပြီး ကျန်ရှိသည့် သစ်ခွဲသားများကိုလည်း လိုအပ်သည့်နေရာများသို့ ဆက်လက်ဖြန့်ခွဲ ပေးသွားမည်ဖြစ်။
  • ရခိုင်ပြည်နယ်အတွင်း ပြတ်တောက်သွားသော မိုဘိုင်းစခန်းများ ဆက်သွယ်မှုပြန်လည်ရရှိရေးအတွက် ဆောင်ရွက်ခဲ့ရာ ဇွန်လ ၉ ရက်အထိ မိုဘိုင်းစခန်းစုစုပေါင်း ၈၈၂ စခန်း ပြန်လည်ပြုပြင်နိုင်ခဲ့ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည် ဆောင်ရွက်ပေး နိုင်ပြီဖြစ်။

ထိုသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက ပြန်လည်ထူထောင်ရေး ပူးပေါင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၆-၂၀၂၃)

 
   

 

 

 

  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူ များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ။

 

Add new comment